သင်္ကြန်ရုံးပိတ်ရက် မတိုင်မီနှင့် ပိတ်ရက်အပြီးတွင် အထူးရထားများပြေးဆွဲမည်


ဧပြီ ၃

သင်္ကြန်ရုံးပိတ်ရက် မတိုင်မီနှင့် ပိတ်ရက်အပြီးတွင် အထူးရထားများပြေးဆွဲမည်


ဧပြီ ၃

သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်မှစတင်ပြီး အထူးရထားများကို ပြေးဆွဲပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်ဘူတာကြီးမှ သိရပါတယ်။ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီ ဧပြီလ ၁၁ ရက်ကနေ‌ ၁၂ ရက်အထိနှင့် သင်္ကြန်အပြီး ဧပြီလ ၂၀ ရက်ကနေ ၂၁ ရက်အထိတို့တွင် သင်္ကြန်အထူးရထားများကို ပြေးဆွဲ ပေးမည်ဖြစ်ပြီး ခရီးသည်အခြေအနေပေါ်မူတည်၍ လိုအပ်ပါက ထပ်တိုးပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရပါတယ်။

ပြေးဆွဲပေးမည့်ခရီးစဉ်များမှာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင် ခရီးစဉ်တို့ဖြစ်ပြီး ရထားလက်မှတ်ဈေးနှုန်းများ အပြောင်းအလဲမရှိသလို ခရီးသွားပြည်သူများအနေဖြင့် ကြိုတင်လက်မှတ်များ ဝယ်ယူရာတွင် အထက်တန်းအတွက် ရထားလက်မှတ်များအား ၃ ရက်ကြိုတင်ဝယ်ယူနိုင်ပြီး ရိုးရိုးတန်း ရထားလက်မှတ်ကို ၁ ရက် ကြိုတင်ဝယ်ယူနိုင်ကြောင်း မြန်မာ့မီးရထား၊ ရန်ကုန်ဘူတာကြီးကနေ သိရပါတယ်။

သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီလ ၁၃ ရက် ကနေ သင်္ကြန်အတက်နေ့ဖြစ်တဲ့ ၁၆ ရက်အထိ လူစီးရထားများ အားလုံးပြေးဆွဲမှုကို ခေတ္တရပ်နားထားမှာ ဖြစ်ပါတယ်။

PAN