မွေးနေ့မှာ ထိုင်းငါးမျိုးစိတ် ၁၁ မျိုးကို ဇီဝိတဒါနခဲ့သည့် ထိုင်းတော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံ


(နိုင်ငံတကာ) ဧပြီ ၃

နန်ရွာစံကံတော်ကုန်ခဲ့တဲ့ ကမ္ဘာမှာ နန်းသက်အရှည်ဆုံး ထိုင်းဘုရင် ဘူမိဘောရဲ့ သမီးတော်ဖြစ်သည့် ထိုင်း တော်ဝင်မင်းသမီး မဟာချက်ကရီသီရိဒုံက သူမ၏ ၆၉ နှစ်မြောက်မွေးနေ့တွင် ဇီဝိတဒါနငါးလွှတ် ကုသိုလ် ပြုခဲ့ကြောင်း သိရသည်။

သူမ၏ ၆၉ နှစ်မြောက်မွေးနေ့တွင် ဇီဝိတဒါနငါးလွှတ် ကုသိုလ်ပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ ထိုင်းငါးမျိုးစိတ် ၁၁ မျိုး စုစုပေါင်းငါး ၅၉၀,၀၀၀ ကို စီစဥ်ပေးခဲ့ရကြောင်း သိရသည်။

ထိုင်းဘုရင်ဘူမိဘောနှင့် မိဖုရားသီရိခေတ်တို့၏ တတိယမြောက် ရင်သွေး သီရိဒုံကို ၁၉၅၅ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် ဒူဆစ်နန်းတော်၌ မွေးဖွားခဲ့ပြီး ဝိဇ္ဇာဘွဲ့ဖြင့်ဘွဲ့ရပြီးနောက် ဘွဲ့လွန်ကို သက္ကတဘာသာဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။

သီရိဒုံသည် ရှေးဟောင်း သုတေသနပညာကိုစိတ်ဝင်တစားလေ့လာသူဖြစ်ပြီး ပညာရေးဆိုင်ရာ Ph.D. ရရှိထားပြီး တရုတ်နိုင်ငံရှိ ပီကင်းတက္ကသိုလ်တွင် တရုတ်ယဉ်ကျေးမှုဆိုင်ရာ သင်တန်းကို တစ်လကြာ တက်ရောက်လေ့လာခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

PAN