နှစ်ပွဲဆက် ရော်လ်နယ်ဒို ဟတ်ထရစ်ရခဲ့ပြီး ဂိုးပြတ်သွင်းခဲ့တဲ့ အယ်လ်နာဆာ

ဧပြီ ၃

ယနေ့မနက်အစောပိုင်းကယှဉ်ပြိုင်ခဲ့သည့် ဆော်ဒီပရိုလိဂ်ပွဲစဉ်(၂၆) အက်ဘ်ဟာ (၀-၈) အယ်လ်နာဆာပွဲစဉ်တွင် အယ်လ်နာဆာအသင်း၏ ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ကြောင်းသိရပါတယ်။

ယင်းဟက်ထရစ်မှာ စီရော်နယ်လ်ဒိုအတွက် ပရိုကစားသမားဘ၀ (၆၅)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ပြီး ပြစ်ဒဏ်ဘော (free kick) မှ သွင်းဂိုး (၂)ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ကစားသမားဘ၀ ဖရီးကစ်သွင်းဂိုး (၆၃)ဂိုးအထိရှိလာခဲ့ကြောင်းသိရပါတယ်။

စီရော်နယ်လ်ဒိုက အယ်လ်နာဆာအသင်းအတွက် လိဂ်ပွဲစဉ် (၂)ပွဲဆက် ဟက်ထရစ်သွင်းယူနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုရာသီ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင်လည်း သွင်းဂိုး (၂၉)ဂိုးဖြင့် ဂိုးအများဆုံးသွင်းယူထားကြောင်းသိရပါတယ်။