(ပြည်တွင်း)ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ကုန်းတန်းကြီးအုပ်စု၊ဘူတာရပ်၌ ယနေ့နံနက် ၉နာရီခွဲအချိန်ခန့်က မော်တော်ယာဥ် ၁စီးမှ သစ်ပင်အား ဝင်ရောက်တိုက်မိကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယာဥ်မောင်း ဦးမြင့်သိန်းဇော်၊၅၀နှစ်၊(ဘ)ဦးကြည်မောင်၊ဆုံကုန်းရပ်၊အမှတ်(၄)ရပ် ကွက်၊ညောင်ဦးမြို့နေသူ မောင်းနှင်သည့် DAIHATSU HIJET အဖြူရောင်ယာဥ်ပေါ်တွင် ခရီးသည် ၃ဦးလိုက်ပါလျက် ညောင်ဦးမြို့ဘက်မှ ကျောက်ပန်းတောင်းမြို့ဘက်သို့ မောင်းနှင်လာစဥ် ညောင်ဦး- ကျောက်ပန်းတောင်းကားလမ်း၊မိုင်တိုင်အမှတ် ၂၅/၇နှင့် ၂၅/၈ ကြားအရောက်တွင် အရှိန်မထိန်းနိူင်ဘဲ လမ်းဘေးရှိ တမာပင်အား ဝင်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်မတော်တဆတိုက်မှုကြောင့် ယာဥ်ပေါ်တွင်ပါလာသည့် ၊ဆုံကုန်းရပ်၊အမှတ်(၄) ရပ်ကွက်နေသူများဖြစ်သည့် ဦးမြင့်သိန်းဇော်၊၅၀နှစ်၊(ဘ)ဦးကြည်မောင်တွင် ဝဲ-ဒူးခေါင်း ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊
စိုင်းလွင်ထွန်း၊၁၈နှစ်၊(ဘ)ဦးမြင့်သိန်းဇော်တွင် ကျောကုန်း နာကျင်ဒဏ်ရာ၊နှုတ်ခမ်း ပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ဒေါ်ရီ၊၇၇နှစ်၊(ဘ)ဦးအောင်ချိန်တွင်
နှုတ်ခမ်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)များ ရရှိခဲ့ပြီး
ဒေါ်ဥမ္မာဝင်း(ခ)ဒေါ်ဝင်းဝင်း၊၅၃နှစ်၊(ဘ)ဦးအောင်ရင်တွင် ဝဲ-ဂျိုစောင်း ဖူးရောင်ဒဏ်ရာ၊ယာ-လက်မောင်း ပေါက်ပြဲဒဏ်ရာ၊ယာ-လက်မောင်း ကျိုးပဲ့ဒဏ်ရာဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများအား ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ပြီး ယာဥ်မောင်း ဦးမြင့်သိန်းဇော်အား ဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN
Telegram link
https://t.me/positiveanglenews