(ပြည်တွင်း) ဧပြီ ၂
NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင် ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ပုသိမ်ကြီးမြို့နယ်၊ငွေတောင်ကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အဆင်းလမ်းဘေးရှိ အောင်ကောင်းမိုး လက်ဖက်ရည်ဆိုင်တွင် ယနေ့နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က အမျိုးသား ၁ ဦးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရှိရသည်။
ဖြစ်စဥ်ဖြစ်ပွားသည့် ပုသိမ်ကြီးမြို့နယ်၊ ငွေတောင်ကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း၊ အဆင်းလမ်းမိုင်တိုင်အမှတ် ၁၀/၁ နှင့် ၁၀/၂ ကြားရှိ အောင်ကောင်းမိုး လက်ဖက်ရည်ဆိုင်တွင် မြို့တောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးမင်း၊ ၅၁ နှစ်၊ (ဘ)ဦးစံလှိုင်၊ မြို့တောကျေးရွာ အုပ်ချုပ်ရေးမှူး၊ မြို့တောကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူသည် လက်ဖက်ရည်ဆိုင်အတွင်း အရှေ့ မြောက်ထောင့်ရှိ စားပွဲတွင် လက်ဖက်ရည် ထိုင်သောက်နေစဉ် အမည်မသိ၊လူငယ် ၂ ဦးမှ ဆိုင်ကယ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်လာကာ သေနတ်အတို အမျိုးအစား(စိစစ်ဆဲ)ဖြင့် ၂ ချက်ခန့် ပစ်ခတ်ခဲ့၍ ဦးစိုးမင်း၏ ဦးခေါင်းတွင် သေနတ်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။
#PAN