တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲရန် အဆင့်မြှင့်တင်ပြုပြင်နေ


(ပြည်တွင်း) ဧပြီ ၂

တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲရန် အဆင့်မြှင့်တင်ပြုပြင်နေ


(ပြည်တွင်း) ဧပြီ ၂

တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်းတွင် မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးအတွက် အဆင့်မြှင့်တင် ပြုပြင်နေကြောင်း မြန်မာ့မီးရထား ထံက သိရသည်။

ဧပြီလ ၁ ရက်နေ့က တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်းတွင်ရှိသော ဘူတာများ၊ ယာဒ်ဝင်းများနှင့် ရထားလမ်းတံတားများပြုပြင်နေမှုအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်မှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တောင်ငူ – နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင် ပြေးဆွဲနိုင်ရေးအတွက် ရထားလမ်းကောင်းမွန်ရန် ကျောက်ပါကင်ရိုက်ခြင်းသည် အဓိကကျအရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် စနစ်တကျ ကျောက်ဖြည့်တင်း၍ Hand Tamping Machine အပြင် Automatic Leveling, Lining & Tamping Machine (ALLTM) စက်ကြီးများဖြင့် ကျောက်ပါကင်ရိုက်ခြင်းလုပ်ငန်းကို သေချာစွာဆောင်ရွက်ရန်၊ ကွေ့နေရာများတွင် Alignment နှင့် Super Elevations များ မှန်ကန်မှုရှိစေရေး စနစ်တကျ ပြုပြင်ဆောင်ရွက်သွားရန်၊ Bolt & Nut များ ကောင်း/မကောင်း စစ်ဆေး၍ လဲလှယ်သွားရန်နှင့် တံတားများရှိလဲလှယ်ရန်ကျန်သည့် ဆွေးမြေ့နေသည့် သစ်သားဇလီဖားတုံးများ အမြန်လဲလှယ် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

မြန်မာ့မီးရထားတိုင်းအဆင့် အရာထမ်းများအနေဖြင့် မိမိတိုင်း နယ်မြေအတွင်း ရထားမတော် တဆမှုများဖြစ်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဝန်ထမ်းများ မွမ်းမံသင်တန်းပေးခြင်း၊ Maintenance Manual များအတိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ပုံမှန်ဆောင်ရွက်ခြင်း၊ Simi Mechanize စနစ်ဖြင့် ရထားလမ်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးရာ တွင်လည်း Service Manual များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ ဘူတာယာဒ်ဝင်းနှင့် ရထားလမ်းတစ်လျှောက်ရှိ ဌာနပိုင်ပစ္စည်းများ ပျောက်ဆုံး/ ပျက်စီးဆုံးရှုံးမှု မဖြစ်စေရေး ရထားရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စနစ်တကျစစ်ဆေး ဆောင်ရွက်သွားရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ရထားများ ဝင်ချိန်/ထွက်ချိန်မှန်ကန်စေရေး၊ ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် ရထားစီး ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ နားနေသွား လာနိုင်အောင် စီစဉ်ဆောင်ရွက်သွားရန်၊ ဝန်ထမ်းနေအိမ်လိုင်းခန်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး ပုံမှန်ရှင်းလင်းဆောင်ရွက်သွားရန်၊ အိမ်ရာကြီးကြပ်ရေးအဖွဲ့ စနစ်တကျဖွဲ့စည်း၍ ပုံမှန်စစ်ဆေးပြီးပျက်စီးမှုများ ပြန်လည်ပြုပြင် ဆောင်ရွက်သွားရန်နှင့် မြန်မာ့မီးရထားရှိဆေးရုံ၊ ဆေးပေးခန်းများတွင် ဝန်ထမ်းမိသားစုများ ပုံမှန်ဆေးကုသနိုင်ရေး စနစ်တကျ စီစဉ်ဆောင်ရွက်ပေးသွားရန် ကြားခဲ့ကြောင်း သိရသည်။