ဟားမတ်စ်က အစ္စရေးနှင့် မည်သည့်သဘောတူညီ ချက်ကိုမဆို ငြင်းပယ်ကြောင်း ထပ်မံအတည်ပြုခဲ့


(နိုင်ငံတကာ) ဧပြီ ၁

ဟားမတ်စ်က အစ္စရေးနှင့် မည်သည့်သဘောတူညီ ချက်ကိုမဆို ငြင်းပယ်ကြောင်း ထပ်မံအတည်ပြုခဲ့


(နိုင်ငံတကာ) ဧပြီ ၁

ဟားမတ်စ်အဖွဲ့က အစ္စရေးနှင့် ပထမဆုံး ၎င်း တို့၏ တောင်းဆိုချက်အများအပြားကို မလိုက်လျော လျှင် မည်သည့် ဓားစာခံ သဘောတူညီချက်ကို မဆိုပယ်ချသည်ဟု မတ်လ ၃၀ ရက်နေ့ စနေနေ့၌ ထပ် လောင်း ပြောကြားခဲ့သည်။ “ကျူးကျော် သိမ်း ပိုက်မှု အလုံးစုံ ရပ်စဲရေး၊ နေရပ်ပြန်ရေး၊ ဂါဇာကမ်း မြှောင်မှ အစ္စရေးတို့ အပြည့်အဝ ဆုတ်ခွာရေး၊ အမိုး အကာ နှင့် ပြန်လည်ထူထောင်ရေး၊ ဝိုင်းဝန်း တားဆီး ရေး၊ နယ်စပ်ဖြတ်ကျော်ဂိတ်များ ပြန်လည်ဖွင့်ပေး ရေး၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီ များ ပေးအပ်ရေးတို့မှလွဲ၍ သဘောတူညီချက် သို့မ ဟုတ် ဓားစာခံ လဲလှယ်ခြင်း မပြုကြောင်း ကျွန်ုပ် တို့၏ အမျိုးသားရေး ရပ်တည်ချက်ကို ကျွန်ုပ်တို့ ကတိပြုပါသည်။” ဟု ဟားမတ်စ်က ရေးသားဖော်ပြ ခဲ့မှုအား သိရှိရပါသည်။

အာရပ်ကမ္ဘာမှ ခေါင်းဆောင်များ၏ မကြာသေးမီက အဆိုပြုချက်သည် အနောက်ဘက်ကမ်း၌ လားတူတပ်ဖွဲ့တစ်ခုကို အာရပ်ခေါင်းဆောင်များက စိတ်ဝင်စားပြီး တီးတိုးပြောဆိုခြင်းဖြင့် ဂါဇာတွင် နိုင်ငံစုံတပ်ဖွဲ့ ဖွဲ့စည်းရန် တွန်းအားပေးသွားမည်ဖြစ် ကြောင်း ပါလက်စ တိုင်းအဖွဲ့ အစီရင်ခံစာတွင်ဖော်ပြထားသည်။

အမေရိကန် ကျောထောက် နောက်ခံဖြင့် အာရပ်နိုင်ငံများ၏ နိုင်ငံစုံ စစ်အင်အား ထူထောင် ရန် အဆိုပြုချက်ကို ဆီးရီးယားရှိ ပါလက်စတိုင်း အဖွဲ့များက ပယ်ချခဲ့သည်ဟု ဟဇ်ဘိုလာအဖွဲ့နှင့် ဆက်နွယ်သော ကွန်ရက်တစ်ခုဖြစ်သည့် အယ်လ် မာယာဒင်က စနေနေ့တွင် ဖော်ပြခဲ့ကြောင်း။

၎င်း နိုင်ငံစုံတပ်ဖွဲ့သည် ဂါဇာရှိ တရားဥပဒေစိုးမိုးရေးကို ထိန်းချုပ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးယာဉ်တန်းများကို စောင့် ကြပ်ပေးရန်အတွက် တာဝန်ရှိမည်ဖြစ်ကြောင်း။ “အာရပ်နိုင်ငံတွေ၊ အမေရိကန်နဲ့ ပူးပေါင်းပြီး ဂါဇာ ဒေသမှ IDF အဖွဲ့ကို ကယ်ဆယ်ဖို့ ကြိုးစားနေပြီး ပါလက်စတိုင်းလူမျိုးများဟာ သူတို့ရဲ့ ခေါင်းဆောင် ပိုင်းနဲ့ အဖွဲ့အစည်းကို စီမံခန့်ခွဲမယ့် ခေါင်းဆောင် တွေကို ရွေးချယ်နိုင်စွမ်း ရှိပါတယ်” ဟု အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အီဂျစ်၊ ဆော်ဒီအာရေဗျ၊ ဂျော်ဒန်၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုမှ၏ နိုင်ငံခြား ရေးဝန်ကြီးများသည် ဤအစီအစဉ်ကို အဆိုပြုရန် Blinken နှင့် တွေ့ဆုံခဲ့ပြီး အစ္စရေးနဲ့ ပါလက်စ တိုင်းတို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ဖို့နဲ့ နှစ်နိုင်ငံဖြေရှင်းချက်ကို အကောင်အထည်ဖော်ဖို့ အတွက် ဂါဇာကမ်းမြှောင်ဒေသသာမက အနောက် ဘက်ကမ်းမှာ အာရပ်ခေါင်းဆောင် တွေက တပ်ဖွဲ့ တွေချထားဖို့ ဆန္ဒရှိနေသည်ကို ဆွေးနွေးပွဲမှ သိရှိခဲ့ တဲ့ အာရပ်သံတမန်တစ်ဦးက KAN ကို ပြောကြားခဲ့ ကြောင်းသိရသည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွက် ကျယ်ကျယ်ပြန့်ပြန့်နှင့် မဟာဗျူဟာမြောက် ဖြေရှင်း မှုထက် ဤဖြေရှင်းနည်းကို နည်းဗျူဟာနှင့် ယာယီ အဖြစ် အစ္စရေးက သဘောထားမည်ကို အာရပ်နိုင်ငံ များက စိုးရိမ်မှုရှိသည်ဟု အဆိုပါသတင်းရင်းမြစ် က KAN သို့ ပြောကြားခဲ့ကြောင်း။

ထို့အပြင် အာရပ် နိုင်ငံများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ၎င်း တို့၏ ကတိကဝတ်များကို သက်သေပြရန်နှင့် ပါ လက်စတိုင်းနိုင်ငံထူထောင်ရေးနှင့်ပတ်သက်သည့် လုံခြုံရေးအစီအစဉ်များတွင် ပါဝင်လိုမှုကို သက် သေပြရန် ဤအဆိုပြုချက်ကို ဆွေးနွေးမှုပြုရေး အာ ရပ်နိုင်ငံများက အသင့်ရှိနေကြောင်း သိရသည်။

PAN