ဧပြီ ၁
ယနေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာ၊ သင်္ချိုင်းကုန်းအနီး အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူတွင် ဝဲဘက်ဂျိုစောင်း ၃ လက်မခန့် ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ယာဘက် နားရွက် ပွန်းပဲ့ဒဏ်ရာ ၁ ချက်တို့ကို တွေ့ရှိရကြောင်း သိရှိရသည်။
သေဆုံးသူနှင့်ပတ်သက်၍ စတင်တွေ့ရှိသူ ဦးမြင့််ဇော်၊ ၅၀ နှစ်၊ တောင်စွန်းကျေးရွာ၊ သထုံမြို့နေသူကို မေးမြန်းရာ ၎င်းသည် ယနေ့ နံနက် ၈ နာရီ အချိန်ခန့် တွင် သထုံမြို့နယ်၊ အောင်းစိုင်ကျေးရွာ၊ သင်္ချိုင်းကုန်းအနီး ယာခင်းထဲသို့ သွားရောက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သေဆုံးသူမှာ ဦးဖိုးပိန်(ခ)ဦးဇင်း ခါးကုန်း၊ ၄၅ နှစ်၊ (ဘ)ဦးအောင်သန်း၊ အောင်းစိုင်းကျေးရွာ၊ သထုံမြို့နယ်နေသူ ဖြစ်ကြောင်း၊ သေဆုံးသူသည် အောင်းစိုင်ကျေးရွာတွင် ဒလန်ဟု သတင်းထွက် နေသူဖြစ်ပြီး ရံဖန်ရံခါ သင်္ဃန်းဝတ်ဖြင့်နေသူဖြစ်ကြောင်း ပြောပြချက်အရ သိရှိရသည်။
အများပြည်သူ ထိတ်လန့်မှုဖြစ်စေရန်နှင့် ဖိုးပိန်(ခ)ဦးဇင်းခါးကုန်ကို အသက်သေဆုံးအောင် ပြုလုပ်သွားသူအမည်မသိ(စုံစမ်းဆဲ)အကြမ်းဖက်သမားများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
PAN