တူကီယေး ဒေသရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေ အောင်ပွဲခံနေ


ဧပြီ ၁

တူကီယေး ဒေသရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေ အောင်ပွဲခံနေ


ဧပြီ ၁

တူကီယေးနိုင်ငံ ၊ အစ္စတန်ဘူမြို့နှင့် အန်ကာရာမြို့ကြီးများတွင် အဓိကအတိုက်အခံပါတီကြီးမှာ ကြီးကြီးမားမား အောင်ပွဲခံနိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါရလဒ်များကြောင့် လက်ရှိသမ္မတအာဒိုဂန်၏ နောက်သက်တမ်းအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာကြောင်းသိရသည်။

လက်ရှိဖြစ်ရပ်သည် သမ္မတအာဒိုဂန် ၂၀၁၄ ခုနှစ် အာဏာရရှိချိန်မှ စတင်ပြီယနေ့အထိ ပထမဆုံးအကြိမ်ဖြစ်သည်။

အသက် ၇၀ အရွယ် သမ္မတအာဒိုဂန်သည် ၎င်းတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာကြောင်း ဝန်ခံခဲ့သော် အဆိုပါ ဖြစ်စဉ်မှာ အဆုံးသတ်မဟုတ် သေးကြောင်း ၎င်းကဆိုသည်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲဖြစ်သော်လည်း အာဏာရပါတီအား သိသိသာသာ အင်အားပြလိုက်ခြင်းဖြစ်ကြောင်း အတိုက်အခံပါတီ ထောက်ခံသူများကဆိုသည်။

PAN