(ပြည်တွင်း)ဧပြီ ၁
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာအုပ်စု၊ အိုင်စောက်ကျေးရွာ၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၂၄/၅)နှင့် (၂၂၄/၆)အကြား၊ ဆည်မြောင်းဝန်ထမ်းအိမ်ရာအနီးရှိ ဒေါပြုံးချို (၄၈)နှစ် (ဘ)ဦးခင်အောင် (ဆည်မြောင်းနေ့စားဝန်ထမ်း)၏ ကျူးကျော်မြေစိုက်တဲအိမ်သည် ယမန်နေ့ညနေ ၆နာရီခွဲအချိန်ခန့်တွင် မီးဖိုဆောင် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာနေရာသို့ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ၆နာရီ၄၁မိနစ် အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် (၃×၂)ပင် သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်း ကျူးကျော်မြေစိုက်တဲအိမ်မှာ မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း၊ မီးလောင်မှုနှင့်ပတ်သက် ရေဆင်းနယ်မြေရဲစခန်းက ဒေါ်ပြုံးချိုကို အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
PAN