Myanmar 8 Build Expo 2024 ကို ရန်ကုန်မြိုတွင် ကျင်းပ


မတ် ၃၀

Myanmar 8 Build Expo 2024 ကို ရန်ကုန်မြိုတွင် ကျင်းပ


မတ် ၃၀

Myanmar 8 Build Expo 2024 ပြပွဲကို မတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ ၃ ရက်တိုင် ရန်ကုန်မြို့ရှိ အင်းလျားလိတ် ဟိုတယ်ဝန်းအတွင်းရှိ Yangon Convention Centre (YCC)ခန်းမတွင် ကျင်းပလျက်ရှိပြီး အဆိုပါ ပြပွဲတွင် ဆောက်လုပ်ရေး၊ အိမ်ရာနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍ ၃ ခုပါဝင်ပြသသွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါပြပွဲမှာ ဆောက်လုပ်ရေးကဏ္ဍနဲ့ပတ်သက်တဲ့ နည်းပညာတွေ၊ ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများ ကို ပြသသွားမှာဖြစ်ပြီး အိမ်ရာကဏ္ဍအနေဖြင့် ဆောက်ပြီးသား ကွန်ဒိုတိုက်ခန်းတွေ၊ လူနေအိမ်ရာများနဲ့ ပတ်သက်တဲ့ အရောင်းမြှင့်တင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍအနေဖြင့် solar panel တွေ၊ မီးစက်တွေ၊ ဘက်ထရီတွေကို ပြသမှာဖြစ်တယ်လို သိရပါတယ်။

ဒါ့အပြင် ပြပွဲတွင် အင်ဂျင်နီယာဆိုင်ရာများကို မျှဝေပေးမည့်အစီအစဉ်အဖြစ် ဆွေးနွေးတင်ပြမည့် သုတေ သန စာတမ်း ၁၃ စောင် လက်ခံကာ စာတမ်းများကိုလည်း ဆွေးနွေးတင်ပြမှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ယခု ပြပွဲတွင် ပြည်တွင်းကုမ္ပဏီများ၊ ပြည်တွင်းအခြေစိုက် ပြည်ပမှလာရောက် ရင်းနှီးမြှုပ်နှံကြ သည့် ကုမ္ပဏီများ၊ ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံတိုမှ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ များနှင့် ပြည်တွင်းရှိ အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီများစတဲ့ စုစုပေါင်း ပြခန်း ၂၀၀ ကျော် ဝင်ရောက်ပြသမှာ ဖြစ်ပါတယ်။

ယခုပြပွဲကို မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းချုပ်တို ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

PAN