၃ လတာ ကာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၁၅၇ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့


(ပြည်တွင်း)မတ်၃၀

၃ လတာ ကာလအတွင်း နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘော ၁၅၇ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့


(ပြည်တွင်း)မတ်၃၀

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း ပြည်တွင်းသို့ဝင်ရောက်ခဲ့သော နိုင်ငံတကာ ကုန်သေတ္တာတင်သင်္ဘောများမှာ ဇန်နဝါရီလတွင် ၄၉ စင်း၊ ဖေဖော်ဝါရီလတွင် ၅၃ စင်း၊ မတ်လတွင် ၅၅ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး လာမယ့် ဧပြီလတွင်လည်း အစင်း ၅၀ ဝင်ရောက်ဆိုက်ကပ်မည် ဖြစ်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီမှ ဒီဇင်ဘာလကုန်ထိ တစ်နှစ်တာကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ နိုင်ငံတကာ သင်္ဘောလိုင်းများမှ ကုန်သေတ္တာတင် သင်္ဘော ၆၄၅ စင်း ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။

ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာ ရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာ တွင် ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုပေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။

ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ ကုန်သေတ္တာတင်သင်္ဘောများ လစဥ်ပုံမှန် ဝင်ရောက်ဆိုက်ကပ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာသင်္ဘောလိုင်းများရဲ့ ကုန်သေတ္တာတင် သင်္ဘော ၆၄၇ စင်းဝင်ရောက်ခဲ့ပါတယ်။

ပိုကုန်များ တိုးမြှင့်တင်ပိုနိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန်များလည်း တိုးမြှင့်တင်သွင်း နိုင်ရန် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များ ပြန်လည်တိုးချဲ့ပြေးဆွဲရန် စီစဉ်ထားရှိကြောင်း သိရ ပါတယ်။

PAN