မြောက်ကိုရီးယားကိစ္စအတွက် လမ်းစဉ်သစ်ကျင့်သုံးရန် အဓိကအင်အားကြီးနိုင်ငံများကို ရုရှားတိုက်တွန်း


မတ်၃၀

မြောက်ကိုရီးယားကိစ္စအတွက် လမ်းစဉ်သစ်ကျင့်သုံးရန် အဓိကအင်အားကြီးနိုင်ငံများကို ရုရှားတိုက်တွန်း


(ပြည်တွင်း)မတ်၃၀

မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံရာတွင် အင်အားကြီးနိုင်ငံများအနေဖြင့် လမ်းစဉ်သစ်ကျင့်သုံးရန် လိုအပ်သည်ဟု ရုရှားနိုင်ငံက ပြောကြားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် အရေးယူပိတ်ဆိုမှုများ အာဏာသက်ဝင်မှုကို စောင့်ကြည့်နေသည့် ကုလသမဂ္ဂလုပ်ငန်းကော်မတီတစ်ခု၏ မစ်ရှင်အား သက်တမ်းတိုးရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗီတိုအာဏာဖြင့် ပိတ်ပင်ခဲ့ပြီးနောက် ရုရှားနိုင်ငံက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယား အရေးယူပိတ်ဆို့မှုစောင့်ကြည့်ရေး ကုလသမဂ္ဂလုပ်ငန်းကော်မတီ၏ မစ်ရှင်သက်တမ်း ကို တစ်နှစ်ထပ်တိုးရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မတ်လ ၂၈ ရက်တွင် ဆုံးဖြတ်ချက်မူကြမ်း တစ်ရပ် မဲခွဲခဲ့ကြသည်။

အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲဝင်နိုင်ငံ ၁၃ နိုင်ငံတို့က ထောက်ခံခဲ့ကြသော်လည်း ရုရှားနိုင်ငံက ဗီတိုအာဏာဖြင့်ပိတ်ပင်ခဲ့ပြီး တရုတ်နိုင်ငံကမူ ပါဝင်မဲပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

ရုရှားနိုင်ငံ၏ ဗီတိုအာဏာကြောင့် မြောက်ကိုရီးယား အရေးယူပိတ်ဆိုမှုစောင့်ကြည့်ရေး ကုလလုပ်ငန်း ကော်မတီ၏ လက်ရှိမစ်ရှင်သက်တမ်းမှာ ယခုနှစ် ဧပြီလကုန်တွင် အဆုံးသတ်မည်ဖြစ်သည်။

ကိုရီးယား ကျွန်းဆွယ်ပြဿနာနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် လမ်းစဉ်ဟောင်းများဖြင့် ချဉ်းကပ်၍ မရနိုင်၊ အဓိကကမ္ဘာ့အင်အား ကြီးနိုင်ငံများအနေဖြင့် မြောက်ကိုရီးယားအတွက် လမ်းစဉ်သစ်ကျင့်သုံးရန် လိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာ က ပြောကြားထားကြောင်း သိရသည်။

PAN