ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၂၁ /၂၀၂၄)

နိဒါန်း

တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ရည်ရွယ်၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့်အညီ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေး၊ ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများအပါအဝင် အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်၊ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ (က) ဤဥပဒေကို ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းဥပဒေဟု ခေါ်တွင်စေရမည်။

(ခ) ဤဥပဒေသည် ၂၀၂၄ – ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသား စီမံကိန်းအတွက် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စတင် အာဏာတည်စေရမည်။

၂။ ဤဥပဒေသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားစီမံကိန်းဥပဒေဖြစ်သည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည်-

(က) အမျိုးသားစီမံကိန်းဆိုသည်မှာ တစ်မျိုးသားလုံး၏ လူမှုစီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ပြည်ထောင်စုဝန်ကြီးဌာန သို့မဟုတ် ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်ဖြစ်စေ သတ်မှတ်ထားသည့် အချိန်ကာလအတွင်း မည်ရွေ့မည်မျှ တိုးတက်ရမည်ဆိုသည့် နိုင်ငံတော်၏ရည်မှန်းချက်များနှင့် လုပ်ငန်းအစီအစဉ်များဖြစ်သည်။ အမျိုးသားစီမံကိန်း၌ ကဏ္ဍအလိုက်ဖြစ်စေ၊ ဒေသအလိုက်ဖြစ်စေ ဝိသေသပြုရေးဆွဲချမှတ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်မှုစီမံကိန်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုစီမံကိန်း၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးစီမံကိန်းနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း စသည့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ဘက်စုံဆက်စပ်အကျုံးဝင်သည်ဟု မှတ်ယူရမည်။

(ခ) စီမံကိန်းရည်မှန်းချက်ဆိုသည်မှာ သတ်မှတ်ကာလအတွင်း စီးပွားရေးတစ်ရပ်လုံးအတွက်ဖြစ်စေ၊ ကဏ္ဍအလိုက်ဖြစ်စေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဖြစ်စေမည်ရွေ့မည်မျှ ဖွံ့ဖြိုးတိုးတက်စေရမည်ဟု ရည်မှန်းလျာထားချက်များဖြစ်သည်။

(ဂ) ဘဏ္ဍာရေးနှစ်ဆိုသည်မှာ ဧပြီလ ၁ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ ကာလဖြစ်သည်။

(ဃ) နှစ်ကုန်ခန့်မှန်းခြေဆိုသည်မှာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်၊ ပထမ ၆ လပတ် အကောင်အထည်ဖော်နိုင်မှုနှင့် ဒုတိယ ၆ လပတ် အကောင်အထည်ဖော်နိုင်မည့် အခြေအနေတို့ကို ပေါင်းစပ်ခန့်မှန်းထားခြင်းဖြစ်ပါသည်။

(င) ပုံမှန်စျေးနှုန်းဆိုသည်မှာ အခြေခံနှစ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ၏ စျေးနှုန်းဖြစ်သည်။

(စ) နှစ်အလိုက်စျေးနှုန်းဆိုသည်မှာ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ဖြစ်ပေါ်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှု များ၏ စျေးနှုန်းဖြစ်သည်။

(ဆ) သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများဆိုသည်မှာ အမျိုးသားစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်သည့် သက်ဆိုင်ရာပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ဒေသဦးစီးအဖွဲ့များ၊ စည်ပင်သာယာရေး ကော်မတီများကိုဆိုသည်။

အခန်း(၂)

စီမံကိန်းရည်မှန်းချက်များ

၄။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း၏ အရေးကြီးသည့် ရည်မှန်းချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(က) စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP)ကို ပုံမှန်ဈေးနှုန်းအရ ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(ခ) ကဏ္ဍအလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်စျေးနှုန်းအရ-

(၁) လယ်ယာကဏ္ဍတွင် ၂.၅ ရာခိုင်နှုန်း တိုးတက်ရန်၊

(၂) သားငါးကဏ္ဍတွင် ၀.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(၃) သစ်တောကဏ္ဍတွင် ၉.၉ ရာခိုင်နှုန်း တိုးတက်ရန်၊

(၄) စွမ်းအင်ကဏ္ဍတွင် ၆.၅ ရာခိုင်နှုန်း လျော့နည်းရန်၊

(၅) သတ္တုနှင့် တွင်းထွက်ပစ္စည်းကဏ္ဍတွင် ၉.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၆) စက်မှုလက်မှုကဏ္ဍတွင် ၄.၂ ရာခိုင်နှုန်းတိုးတက်ရန်၊

(၇) လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

(၈) ဆောက်လုပ်မှုကဏ္ဍတွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

(၉) ပို့ဆောင်ရေးကဏ္ဍတွင် ၆.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၀) ဆက်သွယ်ရေးကဏ္ဍတွင် ၇.၃ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၁) ငွေရေးကြေးရေးကဏ္ဍတွင် ၂.၇ ရာခိုင်နှုန်း တိုးတက်ရန်၊ တိုးတက်ရန်၊

(၁၃) အခြားဝန်ဆောင်မှုကဏ္ဍတွင် ၆.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄) ကုန်သွယ်မှုကဏ္ဍတွင် ၃.၈ ရာခိုင်နှုန်း တိုးတက်ရန်၊

(ဂ) တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုးတက်မှုနှုန်းများမှာ ပုံမှန်ဈေးနှုန်းအရ –

(၁) ကချင်ပြည်နယ်တွင် ၂.၃ ရာခိုင်နှုန်းတိုးတက်ရန်၊

(၂) ကယားပြည်နယ်တွင် ၃.၁ ရာခိုင်နှုန်းလျော့နည်းရန်၊

(၃) ကရင်ပြည်နယ်တွင် ၂.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၄) ချင်းပြည်နယ်တွင် ၀.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

(၅) စစ်ကိုင်းတိုင်းဒေသကြီးတွင် ၃.၀ ရာခိုင်နှုန်းတိုးတက်ရန်၊

(၆) တနင်္သာရီတိုင်းဒေသကြီးတွင် ၁.၄ ရာခိုင်နှုန်းတိုးတက်ရန်၊

(၇) ပဲခူးတိုင်းဒေသကြီးတွင် ၃.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

(၈) မကွေးတိုင်းဒေသကြီးတွင် ၃.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(၉) မန္တလေးတိုင်းဒေသကြီးတွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၀) မွန်ပြည်နယ်တွင် ၄.၁ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၁) ရခိုင်ပြည်နယ်တွင် ၁.၇ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၂) ရန်ကုန်တိုင်းဒေသကြီးတွင် ၅.၆ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၃) ရှမ်းပြည်နယ်တွင် ၂.၉ ရာခိုင်နှုန်းတိုးတက်ရန်၊

(၁၄) ဧရာဝတီတိုင်းဒေသကြီးတွင် ၂.၁ ရာခိုင်နှုန်း တိုးတက်ရန်၊

(၁၅) နေပြည်တော်ကောင်စီနယ်မြေတွင် ၅.၈ ရာခိုင်နှုန်းတိုးတက်ရန်၊

(ဃ) စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုးတွင် နှစ်အလိုက်ဈေးနှုန်းအရ လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၂.၇ ရာခိုင်နှုန်းမှ ၂၂.၆ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၇.၆ ရာခိုင်နှုန်းမှ ၃၇.၄ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဝန်ဆောင်မှုကဏ္ဍကြီး၏ ပါဝင်မှုအချိုးအစားကို ၃၉.၇ ရာခိုင်နှုန်းမှ ၄၀.၀ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ဖြစ်ပေါ်စေရန်၊

(င) နိုင်ငံပိုင်အခန်းမှ ကျပ် ၇,၆၂၆.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်၊

(စ) နှစ်အလိုက်ဈေးနှုန်းအရ ပြည်ပပို့ကုန်ကို အမေရိကန် ဒေါ်လာ ၁၆,၇၀၀ သန်းတင်ပို့ရန်နှင့် ပြည်ပသွင်းကုန်ကို အမေရိကန်ဒေါ်လာ ၁၆,၃၀၀ သန်း တင်သွင်းရန်၊

(ဆ) လူတစ်ဦးစီ၏ ပျမ်းမျှထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (Per Capita GDP) ကို နှစ်အလိုက်ဈေးနှုန်းအရ ကျပ် ၂,၇၄၂,၆၄၃ ဖြစ်ပေါ်လာရန်။

အခန်း(၃)အထွေထွေ၅။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ပူးတွဲ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် ၆ တို့တွင် ဖော်ပြထားသော စီမံကိန်းရည်မှန်းချက်များကို အဆက်အစပ်မိမိ ပေါင်းစပ်ဖွဲ့စည်းအကောင်အထည်ဖော်ကြရန် ဖြစ်သည်။ ထုတ်လုပ်မှုမှသည် ပြည်တွင်းစားသုံးမှုဖူလုံရေး၊ ပြည်ပပို့ကုန်တိုးချဲ့တင်ပို့နိုင်ရေး၊ ပြည်တွင်း၌ လိုအပ်သည့်ကုန်ကြမ်းများ ထုတ်လုပ်နိုင်ရေးအတွက် ရေးဆွဲပြီးဖြစ်သည့် အမျိုးသားပို့ကုန် မဟာဗျူဟာ (၂၀၂၀-၂၀၂၅) နှင့် ချိတ်ဆက်ရေးဆွဲဆောင်ရွက်ကြရန် ဖြစ်သည်။ စီမံကိန်းရည်မှန်းချက်များကို အကောင်အထည်ဖော် ရန်လိုအပ်သော လုပ်ငန်းအစီအစဉ်များနှင့် ညွှန်ကြားချက်များကို ကဏ္ဍအလိုက်၊ ဒေသအလိုက် အသေးစိတ်ရေးဆွဲဆောင်ရွက်နိုင်သည်။၆။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် ဒေသတွင်းရှိ အလားအလာရှိသည့် ကုန်စည်များ ထုတ်လုပ်မှုတိုးတက်စေရေးကို ဦးတည်ပြီး ဒေသတစ်ခု ထွက်ကုန်တစ်ခု ထုတ်လုပ်နိုင်ရေး အလေး ထားဆောင်ရွက်ရန်နှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်ပြီး ထုတ်လုပ်မှုတွင် အဓိကပါဝင်ဆောင်ရွက်ကြမည့် ထုတ်လုပ်မှုလုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုကွန်ရက် (production network) တစ်လျှောက် အချိတ်အဆက်မိမိ ဆောင်ရွက်သွားရန်ဖြစ်သည်။၇။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် မူလရေးဆွဲ ထားသည့် (၅) နှစ် ဖွံ့ဖြိုးမှုစီမံကိန်းကို ကဏ္ဍအလိုက် ပြန်လည်သုံးသပ်ပြီး ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ လျာထားချက်များကို ကဏ္ဍတစ်ခုနှင့်တစ်ခုအကြား ချိတ်ဆက်၍ ဆောင်ရွက်ရန်ဖြစ်သည်။ ၈။ သက်ဆိုင်ရာဌာနနှင့် အဖွဲ့အစည်းများသည် စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက်အကောင်အထည်ဖော်ရမည်။ သို့ရာတွင် တင်ပြလာသော စီမံကိန်းများသည် အကျိုးစီးပွားဖြစ်ထွန်းမှုမရှိသော စီမံကိန်းများဖြစ်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က စိစစ်တွေ့ရှိပါက အဆိုပါ စီမံကိန်းအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်။

ဆက်လက်ဖော်ပြမည် –