နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကိစ္စ နစကဥက္ကဋ္ဌနှင့် တာဝန်ပြီး၍ပြန်မည့် အိန္ဒိယသံအမတ်တို့ဆွေးနွေး

(ပြည်တွင်း) မတ် ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar တို့တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးတွင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ခုလိုတွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်ရေး၊ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ သံမဏိထုတ်လုပ်မှုနှင့် ဝါစိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းများ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့အပြင် အခြားနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုဆိုင်ရာများ၊ လုံခြုံရေးနှင့်ကာကွယ်ရေး ဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာ့တပ်မတော်နှင့် ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ ကျန်းမာရေးဆိုင်ရာ ကူညီမှုများဆောင်ရွက်ပေးမှု အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းလျက်ရှိ မှုအခြေအနေများနှင့် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်ပတ်သက်ပြီးလည်း.ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#PAN