ဆိုလာဝါယာရှော့ကြောင့် တွန်းဇံတွင် လူနေအိမ်တစ်လုံးမီးလောင်


(ပြည်တွင်း)မတ်၃၀

ချင်းပြည်နယ်၊ တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီခန့်က ဆိုလာမီးနှင့်သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။

တွန်းဇံမြို့၊ ခေါဝုန်လေးဆန်ရပ်ကွက်ရှိ အိမ်ရှင် ဦးဟောက်ရှင်းဆူမ်း၏ နေအိမ်တွင် တပ်ဆင်ထားသည့် ဆိုလာမီးနှင့်သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ ပေသွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ၊‌ မြေစိုက်(၁) ထပ်နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်(၂)စီးနှင့် ဌာနဆိုင်ရာများ တပ်မတေယ်သားများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း၊ မီးဘေးသင့်မိသားစုဝင် (၅) ဦးအား နီးစပ်ရာဆွေမျိုးများနေအိမ်တွင် ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူအား အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း မြို့နယ်‌မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။

PAN