အဆင့်မြင့် အိုင်အက်စ် အကြီးတန်းအဖွဲ့ဝင်တစ်ဦးကို အီရတ်စစ်ဘက် သုတ်သင်


မတ် ၂၉

အဆင့်မြင့် အိုင်အက်စ် အကြီးတန်းအဖွဲ့ဝင်တစ်ဦးကို အီရတ်စစ်ဘက် သုတ်သင်


မတ် ၂၉

အီရတ်-ဆီးရီးယား နယ်စပ်အနီးစစ်ဆင်ရေးတစ်ခုတွင် အဆင့်မြင့်အစွန်းရောက်အိုင်အက်စ် အကြမ်းဖက် အဖွဲ့ဝင်တစ်ဦးကို သုတ်သင်နိုင်ခဲ့သည်ဟု အီရတ်စစ်ဘက်က မတ်လ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ထောက်လှမ်းရေးသတင်းပေးချက်အရ အီရတ်လုံခြုံရေးတပ်ဖွဲ့သည် အီရတ်နိုင်ငံအနောက်ဘက် သဲကန္တာရဒေသတွင် စစ်ဆင်ရေးတစ်ခု ဆောင်ရွက်ခဲ့သည်။ အဆိုပါစစ်ဆင်ရေးတွင် အိုင်အက်စ်အကြီးတန်းအဖွဲ့ဝင် ဆာမာခီဒါရ်ရှီဟန် အယ်လ်နမ်ရာဝီ ကို သုတ်သင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆာမာ သည် တိုက်ခိုက်ရေးသမားများ ပိုဆောင်ခြင်း၊ လက်နက်နှင့် တခြားအသုံးအဆောင်ပစ္စည်းများ ပေးပိုခြင်း၊ အီရတ်နှင့်ဆီးရီးယားကြား ပေါက်ကွဲမှုများ ပြုလုပ်ခြင်းတို့ကို တာဝန်ယူလုပ်ဆောင်လျက်ရှိသည်ဟု လုံခြုံရေးသတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။

ဆာမာသည် အိုင်အက်စ်အဖွဲ့တွင် အန္တရာယ်အရှိဆုံး အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းနှင့် အကြမ်းဖက်ပြစ်မှု အများအပြားကို ကျူးလွန်ခဲ့သူဖြစ်ကြောင်း လုံခြုံရေးသတင်းရင်းမြစ်တွင် ဆက်လက် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်တွင် အိုင်အက်စ်အဖွဲ့ကို အနိုင်ရရှိခဲ့သည့်အချိန်ကတည်းက အီရတ်တွင် လုံခြုံရေးအခြေအနေများ တိုးတက် ကောင်းမွန်လာခဲ့သည်ဟု ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။

PAN