မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးကို လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်


(ပြည်တွင်း) မတ် ၂၉

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ မတ္တရာမြို့နယ်၊ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှုးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က လူသတ်အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားကြောင်း သိရှိရသည်။

ဖြစ်စဥ်မှာ အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးပိုက်ထွေး၊ ၆၂ နှစ်၊ (ဘ)ဦးချစ်သည် ဆိုရှယ်လ္ဘက်ရည်ဆိုင်တွင် တစ်ဦးတည်း လက်ဘက်ရည်သောက်နေစဥ် အကြမ်းဖက် PDF ၃ ဦး၊ဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးပိုက်ထွေးတွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ရကြောင်း သိရှိရသည်။

#PAN