ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာတွင် အမျိုးသား ၂ ဦး စကားအချေအတင်များရာမှ ရဲဒင်းဖြင့်ခုတ်ဖြတ်မှုဖြစ်ပွား


မတ် ၂၉

ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာတွင် အမျိုးသား ၂ ဦး စကားအချေအတင်များရာမှ ရဲဒင်းဖြင့်ခုတ်ဖြတ်မှုဖြစ်ပွား


မတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာတွင် ယမန်နေ့ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က အမျိုးသား ၂ ဦးစကားအချေအတင်များရာမှ ရဲဒင်းဖြင့်ခုတ်ဖြတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်တွင် ကြိမ်ချောင်းကြီးကျေးရွာအုပ်စု၊ ခရုချောင်းကျေးရွာ အဝနေ(အဖ)ဦးလှဝင်း၏သား၊ ကိုဇော်မျိုးထက်မှ တရွာတည်းနေသူ (အဖ)ဦးထွန်းရွှေ၏သား၊ ကိုမင်းသူတို့ ၂ ဦးသည် အခိုက်မသင့်စကားများရာ ကိုဇော်မျိုးထက်မှ ၄င်းတွင်အသင့်ပါလာသည့် ရဲဒင်းအပြားဖြင့် ကိုမင်းသူအား ခုတ်လိုက်ရာ ညာလက်မောင်းတွင် ပြတ်ရှဒါဏ်ရာဖြင့် အရိုးကျိုးပြတ်သွားခဲ့ကြောင်း သိရှိရသည်။

တရားခံ ကိုဇော်မျိုးထက်မှာ ထွက်ပြေးတိမ်းရှောင်နေပြီး သက်ဆိုင်ရာ ကြိမ်ချောင်းကြီးရဲစခန်းအနေဖြင့် တရားခံဖမ်းဆီးမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပြီး၊ ဒါဏ်ရာရရှိသူ ကိုမင်းသူအား ဘိုကလေးမြို့ကုတင်(၁၀၀)ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုများ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#PAN