ထီးချိုင့်မြို့နယ်၊ ရွှေဂူတောင်ဘုရားကုန်းအနီး အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မတ် ၂၉

ထီးချိုင့်မြို့နယ်၊ ရွှေဂူတောင်ဘုရားကုန်းအနီး အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


မတ် ၂၉

ယမန်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၊ ရွှေဂူတောင်ဘုရားအနီး၌ လုံခြုံရေးအဖွဲ့များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် PDF များသည် နယ်မြေရှင်းလင်းရေးအဖွဲ့များ ရောက်ရှိလာချိန် ထွက်ပြေးတိမ်းရှောင်းသွားကြပြီး ၎င်းတို့ထံမှ အမ်-၂၂ ကျည်အိမ် ၄ ခု၊ အမ်-၂၂ ကျည်ဆံ ၁၉၆ တောင့်၊ တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ၄၀ မမဗုံးသီး ၄ လုံးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိကြောင်း သိရသည်။

PAN