ကိုရီးယားနိုင်ငံသို မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၀ ကျော် ထပ်မံစေလွှတ်


‌မတ် ၂၉

ကိုရီးယားနိုင်ငံသို မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၀ ကျော် ထပ်မံစေလွှတ်


‌မတ် ၂၉

ကိုရီးယားနိုင်ငံကို မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၀ ကျော် ထပ်မံစေလွှတ်ခဲ့တယ်လို အစိုးရပြည်ပ အလုပ် အကိုင် အေဂျင်စီ POEA က ပြောပါတယ်။

အဲဒီ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ POEA မှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်ခဲ့တာဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သားသစ် ၃၃ ဦး၊ ဆောက်လုပ်ရေးလုပ်သားသစ် ၃၀ ဦးနှင့် ကုန်ထုတ်လုပ်သားသစ် ၇၈ ဦး စုစုပေါင်း လုပ်သားသစ် ၁၄၁ ဦး ကို မတ်လ ၂၇ ရက်နေ့က စေလွှတ် ခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်မြိုကနေ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို မြန်မာအမျိုးသား လေကြောင်းလိုင်း UB 8301 (Charter Flight) ခရီးစဉ်ဖြင့် စေလွှတ်ခဲ့ပြီး အဲဒီ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မာသံရုံး၊ ဆိုးလ်မြိုမှ အလုပ်သမားသံအရာရှိက ကြိုဆိုကာ အလုပ်သမားများ သိရှိလိုက်နာသင့်တဲ့အချက်များကို မှာကြားခဲ့ပြီး လိုအပ် သည်များ ကူညီပံ့ပိုးပေးခဲ့တယ်လို ဆိုပါတယ်။

ယခုလအတွင်း EPS လုပ်သားဦးရေ စုစုပေါင်း ၈၆၂ ဦး စေလွှတ်နိုင်ခဲ့တယ်လိုလည်း အစိုးရပြည်ပ အလုပ် အကိုင် အေဂျင်စီ POEA က ပြောပါတယ်။

PAN