UNSC ဆုံးဖြတ်ချက်ကို ဂုဏ်ပြု၍ တီဟီရန်တွင်ဟားမတ်စ်နှင့် အစ္စလမ္မစ်ဂျီဟတ် အကြီးအကဲများတွေ့ဆုံ

(နိုင်ငံတကာ) မတ် ၂၈
ဟားမတ်စ် အကြီးအကဲ Ismail Haniyeh နှင့်ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် အကြမ်းဖက်လှုပ်ရှားမှု အထွေထွေအတွင်းရေးမှူး Ziyad al-Nakhala တို့သည် ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှဂါဇာ၌ အပစ်အခတ်ရပ်စဲရေး တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို အတည်ပြုပြီး နောက်ရက်တွင် အီရန်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် တီဟီရန်သို့ မတ်လ ၂၆ ရက်နေ့က ရောက်ရှိခဲ့ကြောင်း သိရသည်။

ဟားမတ်စ် အကြီးအကဲသည် အီရန် နိုင်ငံခြားရေး ဝန်ကြီး Hossein Amir-Abdollahian ၊ အီရန် ထိပ်တန်း ခေါင်းဆောင်Ali Khamenei တို့နှင့် “ဂါဇာကမ်းမြှောင်ဒေသစစ်ပွဲနှင့် ဆက်နွှယ်သည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ပါလက်စတိုင်းကိစ္စနှင့် ပတ်သက်သည့် ပြောင်းလဲမှုများအားလုံး ဆွေးနွေးရန်” တွေ့ဆုံခဲ့သည်ဟု ဟားမတ်စ်၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဟားမတ်စ် အကြီးအကဲသည် တနင်္လာနေ့က အတည်ပြုခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုကာအီရန် နိုင်ငံခြားရေးဝန်ကြီးနှင့် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ “အစ္စရေးတို့ သိမ်းပိုက်မှုတွင် မကြုံစဖူး နိုင်ငံရေးအထီးကျန်မှုကို ပြသနေသည်”ဟု ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ရက်နေ့က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွင်း ပြန်ပေးဆွဲခံရသောအစ္စရေးဓားစာခံများကို ချက်ခြင်း ခြွင်းချက်မရှိလွှတ်ပေးရန် ဟူသော ဆုံးဖြတ်ချက်၏ “ခြွင်းချက်မရှိ” တောင်းဆိုချက်ကို ဟားမတ်စ်ခေါင်းဆောင်က၎င်း၏ လုပ်ဆောင်မှုတွင် လျစ်လျူရှုထားကြောင်း သိရှိရပါသည်။

ဟားမတ်စ် အကြီးအကဲက အစ္စရေးတို့သည် ဂါဇာရှိ ၎င်းတို့၏နိုင်ငံရေးနှင့် စစ်ရေးရည်မှန်းချက်များ မအောင်မြင်ခဲ့ကြောင်း။ “ကျွန်ုပ်တို့သည် Al-Aqsa Flood တိုက်ပွဲ(အောက်တိုဘာ ၇ ရက် လူသတ်ပွဲအတွက် ဟားမတ်စ်၏ အမည်) တွင် ဇီယွန်ဝါဒီအဖွဲ့နှင့် သမိုင်းဝင် ပဋိပက္ခ ဖြစ်ပွားနေသော သမိုင်းဝင်အလှည့်အပြောင်းတစ်ခုမှာ သမိုင်းဝင်စင်မြင့်နှင့် ကံကြမ္မာအလှည့်အပြောင်းတစ်ခုကို ဖြတ်သန်းနေသည်”ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့အပြင် ခါမေနီနှင့် တွေ့ဆုံမှုအတွင်း ခါမေနီကဟားမတ်စ်နှင့် အခြားသော ပါလက်စတိုင်း အကြမ်းဖက်အဖွဲ့များ၏ ဝါဒဖြန့်မှုနှင့် မီဒီယာဆောင်ရွက်မှုများကို ချီးကျူးခဲ့ကြောင်း။ ဖယ်ရှား ရှင်းလင်းခံခဲ့ရသော ဟားမတ်စ် ခေါင်းဆောင် Saleh al-Arouriနှင့် ပတ်သက်၍”ထူးချွန်သော ကိုယ်ရည်ကိုယ်သွေး”ရှိသူဟု ခေါ်ဆိုပြီး ” အာဇာနည်အဖြစ်နဲ့ ပျော်ရွှင်ဖွယ်အဆုံး သတ်သွားသည်” ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

Haniyeh က ခါမေနီအား ” ဂါဇာစစ်ပွဲသည် ကမ္ဘာစစ်ဖြစ်ကာ အမေရိကန်အုပ်ချုပ်ရေးအဖွဲ့သည် ဇီယွန်နစ် အစိုးရ၏စစ်ပွဲကို ဦးဆောင် တာဝန်ယူထားသောကြောင့် ဇီယွန်နစ်ရာဇဝတ်မှု၏ အဓိက ကြံရာပါ ဖြစ်သည်။” ဟု ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

မတ်လ ၂၆ ရက်နေ့ အင်္ဂါနေ့က တီဟီရန်မြို့ရှိ Azadi အားကစားကွင်း၌ကျင်းပသည့် ပွဲတစ်ခုတွင် Nakhala က “ကိုရမ် ၊ အစ္စလာမ်နှင့် အီရန်တို့၏ ပံ့ပိုးကူညီမှု များကြောင့် ပါလက်စတိုင်း နိုင်ငံသည် အစ္စရေးကို အနိုင်ယူလိမ့်မည် ” ဟု အခိုင်အမာ ပြောကြားခဲ့ပြီး အစ္စလာမ္မစ် ဂျီဟတ် ခေါင်းဆောင်သည် အင်္ဂါနေ့ နှောင်းပိုင်းမှာ အီရန် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားကြောင်း သိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews