ဥရောပဘောလုံးကစားသမားတွေထဲမှာ လုပ်ခလစာအများဆုံး ကစားသမားများ

မတ် ၂၈

လက်ရှိဘောလုံးလောကမှာ လုပ်ခလစာအများဆုံးရရှိနေတဲ့ ကစားသမားတွေထဲမှာ နံပါတ် (၁) နေရာမှာရှိနေတာကတော့ ပီအက်စ်ဂျီအသင်းနဲ့ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် အမ်ဘက်ပေဖြစ်ပြီး တစ်လစာလုပ်ခလစာ ပေါင် (၅.၁၅) သန်းထိ ရရှိနေတာဖြစ်ပါတယ်။

အဆိုပါပမာဏဟာ ဒုတိယနေရာမှာရှိနေတဲ့ ကစားသမားဖြစ်တဲ့ ဟယ်ရီကိန်းထက် (၂) ဆကျော် ပိုမိုများပြားနေတာဖြစ်ပါတယ်။ ဟယ်ရီကိန်းအနေနဲ့ တစ်လစာလုပ်ခလစာ ပေါင် (၁.၈၀) သန်းထိ ရရှိနေတာလည်းဖြစ်ပါတယ်။

သူ့နောက်မှာတော့ ဒီဘရိုင်းကပေါင် (၁.၇၃) သန်းနဲ့ အဆင့် (၃) ၊ ဟာလန်းက (၁.၆၃) သန်းနဲ့ အဆင့် (၄)၊ အလာဘာက (၁.၆၁) သန်းနဲ့ အဆင့် (၅)၊ လီဝန်ဒေါစကီးကပေါင် (၁.၆၀) သန်းနဲ အဆင့် (၆)၊ မိုဆာလာနဲ့ ကတ်စမဲရိုးက ပေါင် (၁.၅၂) သန်းနဲ့ အဆင့် (၇)၊ ဗာရန်းက ပေါင် (၁.၄၈) သန်းနဲ့ အဆင့် (၉) နေရာမှာ ရပ်တည်နေပြီး အဆင့် (၁၀) နေရာမှာတော့ ဗီနီးဆီးယက်စ်နဲ့ဘယ်လင်ဂန်တို့က ပေါင် (၁.၄၃) သန်းနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။