အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်ရှိ လင်းလက်ဝါရွှေပန်းတိမ်ဆိုင်တွင် ရွှေထည်ပစ္စည်းများ လုယက်ခံရ


( ပြည်တွင်း)မတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၊သီရိမာလာအရှေ့ရပ်ကွက်၊၂၂လမ်း၊၈၉၉၀လမ်း ကြားရှိ လင်းလက်ဝါ ရွှေပန်းတိမ်ဆိုင်အား ယနေ့ညနေ၅နာရီအချိန်ခန့်က ဓါးမြတိုက်ခံရကြောင်း သိရသည်။

ဖြစ်စဥ်မှာ အသက် ၃၅နှစ်ခန့်ရှိ အမျိုးသားတစ်ဦးပါ အမျိုးသား ၄ဦးမှ ရွှေပန်းတိမ်ဆိုင်အရှေ့သို့ရောက်ရှိလာပြီး ဆိုင်တံခါးဖွင့်ခိုင်းသဖြင့် ဒေါ်ဝေဝေ၊၅၅နှစ်၊(ဘ)ဦးမြင့်ဝေ၊စာရေး၊ဘုန်းတော်တိုးရပ်ကွက်၊အကွက် (၄၂)၊အောင်မြေသာစံမြို့နယ်နေသူမှ တံခါးဖွင့်ပေးခဲ့ရာ ၎င်းအမျိုး သား ၄ဦးမှ နေအိမ်ရှိလူများ စစ်ဆေးရန်ရှိသဖြင့် နေအိမ်အတွင်းရှိ လူများခေါ်ပေးရန်ပြောဆိုခဲ့သဖြင့် ဒေါ်ဝေဝေမှ ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်ခင်မာအေး၊၆၂နှစ်၊(ဘ)ဦးလောကျုံအား ခေါ်ယူတွေ့ဆုံပေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အဆိုပါအမျိုးသားအဖွဲ့မှ လူရှာစရာရှိကြောင်းပြောလာသဖြင့် ဒေါ်ခင်မာအေးမှ အိမ်ရှိလူစာရင်းအား ပြောပြခဲ့ပြီး သားဖြစ်သူ ဝင်းအောင်နှင့်အတူ အိမ်အပေါ် ထပ်ရှိ အခန်းများသို့ လိုက်လံပြသနေစဥ် တိုက်အပေါ်ထပ် သုံးထပ်မြောက်ရှိ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သည့်အခန်းအတွင်းအရောက်တွင် ရွှေပန်းတိမ် အပ်ထည်များဖြစ်သည့် အထည်ပြုလုပ်ပြီး နားကပ်၊ကလစ်နှင့်ရွှေထည်မျိုးစုံ ကာလ တန်ဖိုး(စိစစ်ဆဲ)အား ယူဆောင်ပြီး ပြန်အထွက်တွင် သေနက်အတို (စိစစ်ဆဲ) တစ်ချက်ပစ်ဖောက်၍ ၂၂လမ်းအတိုင်း အနောက်ဘက်သို့ MARK ll အဖြူရောင်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews