ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်တို့နှစ်ဦး ပစ်သတ်ခံရ၍သေဆုံး


မတ် ၂၈

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဇနီးဖြစ်တို့နှစ်ဦး ပစ်သတ်ခံကြောင်းသိရသည်။

မြင်းချင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်(၄၅)နှစ်သည် ဇနီးးဖြစ်သူ ဒေါ်ပေါက်ကို ရွှေဘိုမြို့ပေါ်သို့ ကားဖြင့်လိုက်ပို့စဥ် ရွှေဘိုမြို့အဝင် ဥရှစ်ကန်သုသာန်အနီးကျွန်းတောတခုအတွင်းမှ အကြမ်းဖက်
PDFအဖွဲ့၏ စောင့်ကြိုလုပ်ကြံသတ်ဖြတ်ခြင်းခံရ၍ သေဆုံးသွားကြောင်း သိရသည်။

ထိုသို့ လုပ်ကြံပစ်ခတ်နေချိန် ကားမောင်းသူ တူဖြစ်သူမောင်ကောင်းမြတ်(၂၄)နှစ်သည် သေနတ်ဒဏ်ရာရရှိကာ ထွက်ပြေးလွတ်မြောင်ခဲ့ကြောင်းသိရသည်။

NLD ပါတီ၏ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင်ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများ ယခုလက်ရှိအချိန်ထိ အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိကြောင်း သတင်းများအရ သိရသည်။

ရွှေဘိုမြို့ပေါ်တွင် ယခုလအတွင်း ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်မှူး ၃ ဦးအကြမ်းဖက်PDFအဖွဲ့၏ ချောင်းမြောင်းပစ်သတ်ခြင်းခံရကြောင်း သတင်းများအရ သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews