မြိုင်မြို့နယ်၊ လက်ခုပ်တောကျေး ရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့်အကြမ်းဖက်PDFများထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အလောင်းနှင့်၎င်းတို့၏ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိ


မတ် ၂၇
ယမန်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊မြိုင်မြို့နယ်၊ လက်ခုပ်တောကျေး ရွာအနီး နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များနှင့်အကြမ်းဖက်PDFများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်အလောင်းနှင့် လက်နက်ခဲယမ်းများရရှိကြောင်း သိရသည်။

ယင်းထိတွေ့တိုက်ပွဲမှ အကြမ်းဖက် PDFအလောင်း ၁ လောင်း၊အမ်-၂၂ သေနတ် ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ အမ်-၂၂ကျည် ၁၀၀ တောင့်၊လက်လုပ်သေနတ် ၁ လက်၊ လက်လုပ်ကျည်အိမ် ၁ ခု၊ ၇.၆၂ မမကျည် ၃၆ တောင့်၊ ၁၂ ဗို့ ကျည် ၇ တောင့်၊ ၅.၅၆ မမကျည် ၉ တောင့်၊ အိုင်ကွန် ၆ လုံး၊ အိုင်ကွန်အားသွင်းခုံ ၃ ခု၊ ကျည်ကာအင်္ကျီ ၂ ထည်၊ ကား ၂ စီး တို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews