(ပြည်တွင်း) မတ် ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၊မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူးဖွင့်လှစ်ခဲ့သည့် ၂၀၂၄ခုနှစ်နွေရာသီအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်(၂၆)ရက်နေ့မွန်းလွဲ ၀၂:၀၀ နာရီအချိန်တွင် မြို့နယ်ဗိုလ်တေဇအားကစားကွင်း၊မိုးလုံလေလုံအားကစားခန်းမ၌
ကျင်းပခဲ့သည်။
အခမ်းအနားအစီအစဥ်အရဒလမြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူကျော် ကသင်တန်းဆင်းအမှာစကားပြောကြားပြီး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးရွှေလှိုင်မှအားကစားသင်တန်းဖွင့်လှစ်သင်ကြားပေးခြင်းဖြင့်
ရရှိလာစေခဲ့သည့်အကျိုးကျေးဇူးများအကြောင်းရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူကျော်နှင့်တာဝန်ရှိသူများက အားကစားသင်တန်းအမျိုးအစားအလိုက်သင်တန်းဆင်းလက်မှတ်များကို တက်ရောက်
လာသည့် သင်တန်းဆင်းအားကစား မောင်၊မယ်များအား ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ တိုင်း၊ခရိုင်နှင့်မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှပေးအပ်သည့် အားကစားအင်္ကျီ(၂၁၆)ထည်အားမြို့နယ်အားကစားနှင့်ကာယပညာဦးစီဌာန၊ဦးစီးမှူးဒေါ်အေးနန္ဒာကျော်က ပေးအပ်ချီးမြှင့်ရာအားကစားနည်းပြတာဝန်ရှိသူများကလက်ခံရယူခဲ့ကြသည်။
ထို့နောက် (DRAGON CLUB)မှတိုက်ကွမ်ဒိုသင်တန်း
သားများက တိုက်ကွမ်ဒိုသရုပ်ဖော်ပြ တိုက်ကွက်များ
ဖြင့် တက်ရောက်လာသည့် မြို့နယ်အုပ်ချုပ်ရေးမှူး
ဦးစည်သူကျော်၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား
သည့် ဧည်သည်တော်များအား ဧည်ခံဖျော်ဖြည်ခဲ့ကြပြီး၊ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးစည်သူကျော်က အားကစားနည်းပြတာဝန်ရှိသူများအား လိုက်လံနှုတ်ဆက်ပြီး၊
မိတ်ဆက်စကားများနှင့် အမှာစကားများ ပြောကြားခဲ့သည်။
အဆိုပါနွေရာသီအားကစားသင်တန်းများကို ပြီးခဲ့သည့်
ဖေဖော်ဝါ(၂၉)ရက် တွင်ဖွင့်လှစ်ခဲ့သည်။ အားကစားသင်တန်းအမျိုးအစားများမှာ ဘောလုံးအားကစား၊တင်းနစ်အားကစား၊ မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို နှင့်
လက်ဝှေ့အားကစားသင်တန်းစသည့်တို့ကိုဖွင့်လှစ်သင်ကြားခဲ့ပြီး၊ အားကစားသင်တန်းအမျိုးအစားအလိုက်သင်တန်းသား(၃၂၁)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။
PAN
Telegram link
https://t.me/positiveanglenews
#သန်းဇော်ဦး ဒလ