ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု


မတ် ၂၈

ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးတောင်းဆိုထားသည့် ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအတည်ပြု


မတ် ၂၈

အစ္စရေးနှင့် ဂါဇာအခြေစိုက် ဟားမတ်စ်အုပ်စုတိုကြား အပစ်အခတ်ချက်ချင်းရပ်စဲရန် တောင်းဆို ထားသော ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက မတ်လ ၂၅ ရက်တွင် မဲခွဲအတည်ပြု နိုင်ခဲ့သည်။

အဆိုပါဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီ အဖွဲဝင်နိုင်ငံ ၁၀ နိုင်ငံတိုက ပူးတွဲရေးဆွဲထားခြင်း ဖြစ်သည်။ ယင်းဆုံးဖြတ်ချက်မူကြမ်းကို မတ်လ ၂၅ ရက်က မဲခွဲရာတွင် လုံခြုံရေးကောင်စီအဖွဲဝင် နိုင်ငံ ၁၄ နိုင်ငံတိုက ထောက်ခံပေးခဲ့ပြီး အမေရိကန်နိုင်ငံက ပါဝင်မဲပေးခြင်းမရှိခဲ့ကြောင်း သိရသည်။

သို့သော် အပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီက အတည်ပြုနိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံနှင့် မဟာမိတ်အစ္စရေးနိုင်ငံတိုကြား ဆက်ဆံရေးတင်းမာခဲ့ရသည်။

အမေရိကန်နိုင်ငံသည် ရှေးယခင်က ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေး တောင်းဆိုထားသည့် လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်မူကြမ်းများကို ဗီတိုအာဏာဖြင့် သုံးကြိမ်အထိ ပိတ်ပင်ခဲ့ဖူးသည်။

မတ်လ ၂၅ ရက်တွင် အတည်ပြုနိုင်ခဲ့သည့် လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းတွင် ဖမ်းဆီးထားသည့် ဓားစာခံများအားလုံး ခြွင်းချက်မရှိပြန်လွှတ်ပေးရန်လည်း ဟားမတ်စ်အုပ်စုကို တောင်းဆိုထားကြောင်း သိရသည်။

#PAN