အောင်မြေသာစံမြို့ နယ်တွင် အိပ်ယာဘေး ခြင်ဆေးခွေထွန်းပြီး အိပ်ရာမှ မီးလောင်မှုဖြစ်ပွား


မတ် ၂၆
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့ နယ်၊မဟာဇေယျာဘုံရပ်ကွက်၊၂၅လမ်း၊၆၃၆၄ လမ်းကြားတွင်ယနေ့နံနက် ၆နာရီ၂၀မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်စဥ်မှာ ဦးကျော်ဇော်နိုင်၊၃၀နှစ်၊(ဘ)ဦးသောင်းဝင်း၏ နေအိမ်တွင် အိပ်ယာဘေး ခြင်ဆေးခွေထွန်းထားရာမှ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းကြောင်း၊အဆိုပါ မီးလောင်ရာနေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆နာရီ၂၅မိနစ် အချိန်ခန့်တွင် မီးငြိမ်းသတ်နိူင်ခဲ့သည်။

မီးလောင်မှုကြောင့် မီးပေါ့ဆစွာအသုံးပြုသူ ဦးကျော်ဇော်နိုင်၊၃၀နှစ်၊(ဘ)ဦးသောင်းဝင်းအား ဥပဒေအရ အရေးယူဆောင်ရွက်ထားကြောင်း သိရှိရသည်။

#PAN

Telegram link

https://t.me/positiveanglenews