အခွန်ပျက်ကွက်မှု သတင်းပေးသူကို ၃၀ ရာခိုင်နှုန်း ဆုကြေးချီးမြှင့်မည်


(ပြည်တွင်း) မတ် ၂၆

အခွန်ပျက်ကွက်မှု သတင်းပေးသူကို ၃၀ ရာခိုင်နှုန်း ဆုကြေးချီးမြှင့်မည်


(ပြည်တွင်း) မတ် ၂၆

ပြေစာတွေမှာ အခွန်အမှတ်တံဆိပ်ကပ်ဖို ပျက်ကွက်မှုအတွက် သတင်းပေးတင်ပြသူများကို တပ်ရိုက်တဲ့ ဒဏ်ကြေးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်သွားမယ်လို စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန် များ ဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။

စားသောက်ဆိုင်လုပ်ငန်းရှင်တွေ၊ ဟိုတယ်နဲ့တည်းခိုခန်း လုပ်ငန်းရှင်တွေ၊ ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်တွေ၊ ရွှေ ထည်လက်ဝတ်ရတနာရောင်းချတဲ့ လုပ်ငန်းရှင်တွေ၊ လက်ကိုင်ဖုန်း Handset နဲ့ ဆက်စပ်ပစ္စည်းတွေရောင်းချမှု၊ ဝန်ဆောင်မှုဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေအနေနဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူတွေဆီက တစ်ပါတည်းကောက်ခံပေးဖို တာဝန်ရှိသလို သက်ဆိုင်ရာအခွန်ရုံးကိုလည်း ပေးသွင်းဖိုတာဝန်ရှိတယ်လို ဆိုပါတယ်။

ပြေစာ ဒါမှမဟုတ် ငွေလက်ခံရရှိကြောင်း အထောက်အထားတွေမှာ သက်မှတ်ချက်တွေနဲ့အညီ အခွန်အမှတ် တံဆိပ်ကပ်ဖို ပျက်ကွက်မှုအတွက် စာရွက်စာတမ်း အထောက်အထားနဲ့ဖြစ်စေ၊ အသံဖိုင်နဲ့ဖြစ်စေ တင်ပြလာပါက သတင်းပေးတင်ပြသူကို ဒဏ်ရိုက်တဲ့ ဒဏ်ကြေးငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ချီးမြှင့်မယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ကိုင်ဖုန်းတွေအပေါ်မှာတော့ အခွန်အမှတ်တံဆိပ်ကပ်ဖို ပျက်ကွက်မှုအတွက် သတင်းပေး တင်ပြသူကို ၂၀ ရာခိုင်နှုန်း ဆုကြေးအဖြစ် ချီးမြှင့်မှာ ဖြစ်တယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။

စားသုံးသူပြည်သူတွေအနေနဲ့ ကျသင့်ငွေပေးချိန်မှာ အခွန်အမှတ်တံဆိပ်ကပ်ထားတဲ့ ပြေစာကို တောင်းယူတာနဲ့ လုပ်ငန်းရှင်တွေကလည်း စားသုံးသူတွေတောင်းခံတာဖြစ်စေ၊ မတောင်းခံတာဖြစ်စေ အခွန်အမှတ်တံဆိပ် ကပ်ထားတဲ့ ပြေစာတွေကို မဖြစ်မနေ ထုတ်ပေးတာတွေကို ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြဖိုလည်း အသိပေးနှိးဆော်ထားပါ တယ်။

PAN