(ပြည်တွင်း) မတ် ၂၆
ရန်ကုန်-မော်လမြိုင်ရထား ပြန်လည်ပြေးဆွဲ
(ပြည်တွင်း) မတ် ၂၆
ရထားလမ်းမိုင်းခွဲခံရမှုကြောင့် ယာယီရပ်နားခဲ့ရတဲ့ အမှတ်(၈၁) အဆန်၊ (၈၂) အစုန် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်ကို မတ်လ ၂၅ ရက်ကစပြီး ပြန်လည်ပြေးဆွဲနေပြီဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်က သိမ်ဆိပ်နဲ့ ဒုံးဝန်းဘူတာကြားမှာ ရထားလမ်းမိုင်းခွဲခံရတာကြောင့် ရထားခရီးစဉ် ယာယီရပ်နားခဲ့ရပြီး မတ်လ၂၃ ရက်က ရထားလမ်းပိုင်းပြင်ဆင်မှုတွေ ပြီးပြတ်သွားခဲ့တဲ့အတွက် မတ်လ ၂၅ ရက် ကစပြီး နေ့စဉ် ပြန်လည်ပြေးဆွဲပေးတာ ဖြစ်ပါတယ်။
အမှတ်(၈၁)အဆန် ရန်ကုန်-မော်လမြိုင်ရထားဟာ ရန်ကုန်ဘူတာကြီးကနေ မနက် ၆ နာရီခွဲမှာ စတင်ထွက်ခွာပြီး အမှတ်(၈၂) အစုန် မော်လမြိုင်-ရန်ကုန်ရထားကတော့ မော်လမြိုင်ဘူတာကြီးကနေ မနက် ၈ နာရီခွဲမှ စတင်ထွက်ခွာမှာ ဖြစ်ပါတယ်။
လက်မှတ်တွေကိုတော့ အထက်တန်းဆိုရင် သုံးရက်ကြို၊ ရိုးရိုးတန်းဆိုရင် တစ်ရက်ကြိုပြီး သက်ဆိုင်ရာ ဘူတာတွေမှာ လူကိုယ်တိုင်သွားရောက်ဝယ်ယူရမယ်လို့ သိရပါတယ်။
PAN