ယူဂိုဆလားဗီးယားပြည်တွင်းရေးတွင် NATO ပါဝင်မှုသည် အရှေ့ဘက်ဆီ နယ်ချဲ့ရန်ဦးတည်ခြင်းဖြစ်ဟုဆို


(နိုင်ငံတကာ) မတ် ၂၆

ယူဂိုဆလားဗီးယားပြည်တွင်းရေးတွင် NATO ပါဝင်မှုသည် အရှေ့ဘက်ဆီ နယ်ချဲ့ရန်ဦးတည်ခြင်းဖြစ်ဟုဆို


(နိုင်ငံတကာ) မတ် ၂၆

ယူကိုစလားဗီးယားနိုင်ငံ၏ ပြည်တွင်းနိုင်ငံရေးပဋိပက္ခများတွင် NATO တပ်ဖွဲက ဝင်ပါမှုသည် ရုရှား နယ်စပ်အထိဖြစ်သော အရှေ့ဘက်ဆီနယ်ချဲ့ရန် ဦးတည်ခြင်းဖြစ်ကြောင်း ဒါကိုမလားဒစ် ကပြောသည်။

ဒါကို မလားဒစ်သည် နာမည်ကျော် ဆားဗီးယားဗိုလ်ချုပ်ကြီးဟောင်း ရတ်ကိုမလားဒစ်၏သားနှင့် လက်ထောက် အရာရှိ တစ်ဦးဖြစ်သည်။

အနောက်အုပ်စုသည် သမိုင်းတစ်ကျော့ပြန်ပြဿနာကို ပြန်လည်ဖန်တီးလာနေသော ကြောင့် ဒါကိုမလားဒစ်က တိုက်တွန်းထားသည်။

ဒါကိုမလားဒစ် က NATO တပ်ဖွဲက လိုချင်သည့်အရာကို ၎င်း၏ ဖခင်မှာ ကောင်းစွာသိရှိကြောင်း၊ ဒါကြောင့် ဘော်လကန်ဒေသမှာ စစ်ပွဲဖြစ်ပွားပြီး ယူဂိုဆလားဗီးယားနိုင်ငံ နှစ်ပိုင်းကွဲ ခဲ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ထိုပြင် ရတ်ကို မလားဒစ်သည် ယူဂိုဆလပ်ပြည်သူ့တပ်မတော် အထူးတပ်ဖွဲများတွင် တာဝန်ထမ်းဆောင် ဖူးသည့်အတွက် NATO ၏ အစီအစဉ်များနှင့်ပတ်သက်၍ ကောင်းစွာသိရှိကြောင်း ဒါကိုမလားဒစ် က ဆက်ပြော သည်။

ဒါကိုမလားဒစ်က NATO ၏အစီအစဉ်များအရ ယူဂိုဆလားဗီးယားနှင့်ဘော်လ်ကန်ဒေသတိုသည် ၎င်းတို၏ ရည်မှန်းချက်မဟုတ်ဘဲ မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ၏ မြောက်ဘက်နှင့်တောင်ဘက်ကို ဆက်စပ်ရန် ရည်ရွယ်ကြောင်း Sputnik သတင်းဌာနကို ပြောကြားခဲ့သည်။

အလားတူ အနောက်အုပ်စုက ယူကရိန်းပဋိပက္ခ ကို ဖန်တီးခြင်းသည် ယူကရိန်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ ရုရှားနိုင်ငံတည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခြင်း သာ ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သိုသော် ရုရှားနိုင်ငံသည် အလွန်ကျယ်ပြန့်သော နိုင်ငံရေးနှင့် စစ်ရေးအင်အားစုများကို ပိုင်ဆိုင်ထားသည့် အပြင် တက်ကြွသောနိုင်ငံခြားရေးမူဝါဒတိုကြောင့် ယူဂိုဆလားဗီးယားနိုင်ငံ၏ အဖြစ်ဆိုးမျိုးမကြုံတွေ့ရလေ အောင် ရှောင်ရှားနိုင်မည်ဟု ယုံကြည်ကြောင်း ဒါကိုမလားဒစ်က ပြောထားသည်ဟု Sputnik သတင်းဌာနမှ ဖော်ပြထားသည်။

PAN