ပရီးမီးယားလိဂ် Hall of Fame တွင် ၂၀၂၄ ခုနှစ်အတွက် ပထမဆုံးထည့်သွင်းခံရတဲ့ အက်ရှ်လေကိုးလ်

မတ် ၂၆

အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ဘယ်နောက်ခံလူ ကစားသမားဟောင်းဖြစ်တဲ့ အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of fame မှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ယောက် ဖြစ်သွားခဲ့ပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ကို ကိုယ်စားပြုပြီး ၁၅ နှစ်တာ ကျင်လည်ခဲ့တဲ့ ကိုးလ်ဟာ အမှတ်ပေးဆုဖလားကိုလည်း ဆွတ်ခူးနိုင်ခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူစာရင်းမှာ ပါဝင်နိုင်ခဲ့တဲ့ အကောင်းဆုံးကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်(၄၃ နှစ်)က အာဆင်နယ်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၁၅၆)ပွဲ ကစားခဲ့ပြီး ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ပွဲပေါင်း (၂၂၉)ပွဲ ကစားခဲ့သူဖြစ်ပါတယ်။

အက်ရှ်လေကိုးလ်ဟာ ပရီးမီးယားလိဂ် Hall of Fame တွင် ရွေးချယ်ခံရသည့် စတုတ္ထမြောက် နောက်ခံကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။