တောင်ကြီးမြို့နှင့် ညောင်တုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


မတ် ၂၄

တောင်ကြီးမြို့နှင့် ညောင်တုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


မတ် ၂၄

တောင်ကြီးမြို့နှင့် ညောင်တုန်းမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ညနေ ၄ နာရီ မိနစ် ၅၀ တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် ရွှေပြည်စိုးလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမူမဦး (ခ) နန်းဦးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ညောင်တုန်းမြို့နယ် အရွဲကျေးရွာအုပ်စု ပန်တိုင်ပူးပေါင်းစစ်ဆေးရေးစခန်းအနီးတွင် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် စိုင်းတိုးပိုင် (ခ) အရှည်ကြီးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။