(နိုင်ငံတကာ) မတ် ၂၆
တရုတ်-မြန်မာ နှစ်နိုင်ငံ ရဲတပ်ဖွဲများအကြား စွမ်းရည်မြှင့်တင်မှုဆိုင်ရာသင်တန်းများ ပူးပေါင်းဖွင့်လှစ်နိုင်ရေး ဆွေးနွေး
(နိုင်ငံတကာ) မတ် ၂၆
ကူမင်းမြို၊ ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းသို့ မြန်မာကောင်စစ်ဝန်ချုပ် သွားရောက် လေ့လာပြီး နှစ်နိုင်ငံ ရဲတပ်ဖွဲများအကြား စွမ်းဆောင်ရည် မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပိုမိုပူးပေါင်း ဖွင့်လှစ်နိုင်ရေး အပါအဝင် အခြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
လန်ချန်း-မဲခေါင် ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးဖိုရမ် တတိယအကြိမ်ပြုလုပ်ရာ မြန်မာ ကောင်စစ်ဝန်ချုပ် တက်ရောက်ပြီး ကူမင်းမြို၊ ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းသို့ သွားရောက် လေ့လာခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကူမင်းမြို၊ ယူနန်ဘက်စုံ ရဲသင်တန်းကျောင်းမှာ မတ်လ ၂၃ ရက်က “Security Collaboration in Building Lancang-Mekong Community with a Shared Future” ခေါင်းစဉ်နဲ့ကျင်းပခဲ့တဲ့ တတိယအကြိမ် လန်ချန်း – မဲခေါင်ဒေသခွဲဆိုင်ရာ နိုင်ငံတကာတရားဥပဒေ စိုးမိုးရေးဖိုရမ်သို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးသော်တာအောင် ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။
ဆွေးနွေးပွဲအပြီးမှာ မြန်မာကောင်စစ်ဝန်ချုပ်က တာဝန်ရှိသူများနှင့်အတူ ရဲသင်တန်းကျောင်းမှာ လေ့ကျင့် သင်ကြားပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ ရဲတပ်ဖွဲများအကြား စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်းများ ပိုမိုပူးပေါင်း ဖွင့်လှစ်နိုင်ရေး အပါအဝင် အခြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်းလည်း သိရပါတယ်။