(နိုင်ငံတကာ) မတ် ၂၆
ဂါဇာ၌ သေဆုံးသည့် ပါလက်စတိုင်း ပြည်သူ ၃၂,၃၃၃ ဦးအထိ ရှိလာပြီဖြစ်
(နိုင်ငံတကာ) မတ် ၂၆
ဂါဇာကမ်းမြောင်ဒေသ၌ လက်ရှိဖြစ်ပွားနေသော အစ္စရေးတို့၏တိုက်ခိုက်မှုများကြောင့် သေဆုံးသည့် ပါလက်စတိုင်းပြည်သူ အရေအတွက် ၃၂,၃၃၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဟားမတ်စ်တို့၏ ကျန်းမာရေးဝန်ကြီး ဌာနက မတ်လ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၄ နာရီအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၁၀၇ ဦး သေဆုံးပြီး ၁၇၆ ဦး ဒဏ်ရာရရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုကြောင့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်မှ စ၍ ဖြစ်ပွားသော အစ္စရေး-ဟားမတ်စ် ပဋိပက္ခအတွင်း သေဆုံးရသည့် ပါလက်စတိုင်းပြည်သူ ၃၂,၃၃၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၄,၆၉၄ ဦးအထိ ရှိလာခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဟားမတ်စ်တို့၏ အစ္စရေးတို့အပေါ်လျှပ်တပြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် အစ္စရေးက ဟားမတ်စ်တို့အပေါ် လက်တုံပြန်တိုက်ခိုက်မှုများနှင့် မြေပြင်စီးနင်းဝင်ရောက် တိုက်ခိုက်မှုများလုပ်ဆောင်လာ ခြင်းဖြစ်သည်။
ဟားမတ်စ်တို့၏ တိုက်ခိုက်မှုအတွင်း အစ္စရေးပြည်သူ ၁,၂၀၀ ခန့်သေဆုံးပြီး ၂၀၀ ကျော်မှာ ပြန်ပေးဆွဲခံခဲ့ရကြောင်း China Daily သတင်းဌာနတွင် ဖော်ပြထားသည်။