WBO ဝယ်သာဝိတ်တန်း အမျိုးသမီးကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ဝှေ့မယ် ဆန်ဒီရွိင်ယန်


မတ် ၂၅

WBO ဝယ်သာဝိတ်တန်း အမျိုးသမီးကမ္ဘာ့ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့တဲ့ အင်္ဂလန်လက်ဝှေ့မယ် ဆန်ဒီရွိင်ယန်


မတ် ၂၅

WBO ဝယ်သာဝိတ်တန်း အမျိုးသမီးကမ္ဘာ့ချန်ပီယံကာကွယ်ပွဲစဉ်အဖြစ် လက်ရှိချန်ပီယံ အင်္ဂလန် လက်ဝှေ့မယ် ဆန်ဒီရွိင်ယန် က စိန်ခေါ်သူ အင်္ဂလန်လက်ဝှေ့မယ် ဟာပါ နဲ့ မတ်လ ၂၃ မှာ အင်္ဂလန်နိုင်ငံ၊ ရှက်ဖီးမြို၌ ယှဉ်ပြိုင်ခဲ့ပြီး ဆန်ဒီရွိင်ယန် က ဒိုင်ပွဲရပ်ရလဒ်ဖြင့် လက်ရှိချန်ပီယံဆုကို ကာကွယ်နိုင်ခဲ့ပါတယ်။

ဟာပါ အနေနဲ့ WBO၊ WBA စူပါဖယ်သာဝိတ်တန်းတိုမှာ လက်ရှိချန်ပီယံတစ်ဦးဖြစ်ပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ် သုံးခုကို ပိုင်ဆိုင်လိုတဲ့အတွက်ကြောင့် ဝယ်သာဝိတ်တန်းသိုဆင်းပြီး ဆန်ဒီရွိင်ယန် နဲ့ ထိုးသတ်ခဲ့ရာမှာ ပုံမှန်ထက်ဝိတ်ချခဲ့ရတာကြောင့် ကြံ့ခိုင်မှုမရှိဘဲ ရှုးနိမ့်ခဲ့ရခြင်းဖြစ်ပါတယ်။

ဆန်ဒီရွိင်ယန် ကတော့ ယခုပွဲစဉ်က လက်ရှိချန်ပီယံခါးပတ်ကို ဒုတိယအကြိမ်မြောက် ကာကွယ် နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ သူမအနေနဲ့ အခြားလက်ဝှေ့အဖွဲချုပ် ဝယ်သာဝိတ်တန်းချန်ပီယံတွေကို စိန်ခေါ် ယှဉ်ပြိုင်ပြီး ပြိုင်ဘက်ကင်းချန်ပီယံတစ်ယောက်ဖြစ်ချင်ကြောင်း ပြောကြားခဲ့ပါတယ်။

Website Link

VK Link

PAN