“Common Bluebottle လိပ်ပြာပုံ ၂၀၀ ကျပ်တန် စာပိုတံဆိပ်ခေါင်းသစ် ၁ မျိုး ထုတ်ဝေမည်”


မတ်လ ၂၅
မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံ၌တွေ့ရှိတဲ့ လိပ်ပြာမျိုးစိတ်အဖြစ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ မှတ်တမ်းတင်သဘောထားမှတ်ချက်ပြုထားတဲ့ “Common Bluebottle” လိပ်ပြာပုံ ၂၀၀ ကျပ် တန် စာပိုတံဆိပ်ခေါင်းသစ် ၁ မျိုးကို ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ စာပိုတံဆိပ်ခေါင်း အသစ်အား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ရောင်းချပေးသွားမယ်လို အသိပေးထားပါတယ်။
နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီး၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များတွင် မတ်လ ၂၇ ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော် ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတိုတွင် ဝယ်ယူသူများကို စာပို တံဆိပ်ခေါင်းများအပေါ်မှ နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN

Telegram Link

https://t.me/positiveanglenews