“သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်ကို တတိယအကြိမ်အဖြစ် မတ်လ ၂၅ ရက်တွင် စတင် လျှောက်ထားနိုင်”



မတ်လ ၂၅
ရန်ကုန်မြို့ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းငှားရမ်းနေထိုင်ခွင့်များကို တတိယအကြိမ်အဖြစ် မတ်လ ၂၅ ရက်တွင် စတင်လျှောက်ထားနိုင်ပြီလို့ အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂)လမ်းမကြီးနှင့် ရန်ကုန်မြို့ပတ်လမ်းမကြီး လမ်းဆုံ အနီး သုခဒဂုံပြည်သူ့အငှားအိမ်ရာရှိ အိမ်ခန်းတွေကို ရန်ကုန်မှာနေထိုင်ပြီး နေရေးအခက်အခဲရှိတဲ့ ပြည်သူတွေ၊ အငြိမ်းစားဝန်ထမ်းတွေနဲ့ လက်ရှိတာဝန်ထမ်းဆောင်နေဆဲ နိုင်ငံ့ဝန်ထမ်းတွေကို ငှားရမ်းပေးသွားမယ်လို့ ဆိုပါတယ်။
ထပ်မံပြီးစီးမည့် တိုက်ခန်းများအတွက် တိုက်ခန်းငှားရမ်းခွင့်လျှောက်လွှာများကို ကြိုတင်ရောင်းချသွားမှာ လည်းဖြစ်ပါတယ်။ စုစုပေါင်းအခန်း ၄၀၀ ကျော်ကို ၂၀၂၄ ခုနှစ်၊ မေလတွင် ငှားရမ်းနေထိုင်ခွင့်ရရှိနိုင်ရေး ဆောင်ရွက် ပေးသွားရန်လျာထားကြောင်းနဲ့ နေရေးအခက်အခဲရှိသူများအနေဖြင့် မိမိတို့နေထိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး များတွင် လျှောက်လွှာများ ဝယ်ယူလျှောက်ထား တင်ပြနိုင်တယ်လို့ အိမ်ခန်းနေရာအငှားချထားရေးနှင့်စည်းကမ်း ထိန်းသိမ်းရေးကော်မတီက ပြောကြားထားပါတယ်။
လက်ရှိမှာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာသို့ ဘတ်စ်ကားလိုင်း ၄ လိုင်း ပြေးဆွဲသွားရန်လျာထားပြီး လောလောဆယ်တွင် စတင်နေထိုင်သူများ အဆင်ပြေစေရန်အတွက် အမှတ် ၁၁၈ နှင့် ၉၇ ယာဉ်လိုင်းများ စတင်ဝင်ရောက် ပြေးဆွဲနေပြီလို့လည်း ပြောကြားထားပါတယ်။

#PAN

Telegram link

https://t.me/positiveanglenews