ရွှေဘိုမြို့နယ်၊ ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာရုံးမှ အငယ်တန်းစာရေးအမျိုးသမီး တစ်ဦးအသတ်ခံရ


မတ်၂၅

ရွှေဘိုမြို့နယ်၊ ထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာရုံးမှ အငယ်တန်းစာရေးအမျိုးသမီး တစ်ဦးအသတ်ခံရ


မတ်၂၅

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်းဆောင်နေသော အမျိုးသမီးဝန်ထမ်းတစ်ဦး အသတ်ခံရကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အငယ်တန်းစာရေးတာဝန်ထမ်းဆောင်နေသော ဒေါ်မြမြငြိမ်း၏ နေအိမ်အတွင်းသို့ အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဒေါ်မြမြငြိမ်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သတ်ဖြတ်သွားသောအဖွဲ့သည် ရွှေဘိုအားမာန်မြို့ပြပြောက်ကျားအမည်ခံ အကြမ်းဖက် PDF အဖွဲ့ ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

Webpage Link >>…

VK Link

PAN