ရုရှားတရားရုံးက ခရိုကပ်တိုက်မှုနဲ့ ပတ်သက်သူတွေကို အကြမ်းဖက်မှုနဲ့ စွဲချက်တင်

မတ် ၂၅
ခရိုကပ်စ်မြို့တော်ခန်းမရှိ ဂီတဖျော်ဖြေပွဲအား တိုက်ခိုက်မှုနှင့် ပတ်သက်သူလေးဦးအား ရုရှားတရားရုံးက အကြမ်းဖက်မှုဖြင့် စွဲချက်တင်လိုက်ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပါဝင်ပတ်သက်သူ ၇ ဦးကို ဖမ်းဆီးရမိထားပြီး ယခုအခါ လေးဦးကို စွဲချက်တင်ထားကြောင်း သိရသည်။
ရုရှားတရားရုံး၏ တယ်လီဂရမ်မှ ထုတ်ပြန်ချက်အရ ဖမ်းဆီးခံရသည့် သံသယရှိသူ တာဂျစ်ကစ္စတန်နိုင်ငံသားများဖြစ်ပြီး ၎င်းတို့၏ ကျူးလွန်မှုများအား ဝန်ခံထားကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုတွင် ကလေးငယ် ၃ ဦး အပါအဝင် လူပေါင်း ၁၃၇ ဦးသေဆုံးခဲ့ကာ ၁၈၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ထဲမှ လူ ၄၀ သည် စိုးရိမ်ရသည့် အခြေအနေ သို့မဟုတ် အလွန်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း ရုရှားကျန်းမာရေးအရာရှိများကပြောသည်။
အဆိုပါတိုက်ခိုက်မှုနှင့် ပါတ်သက်ပြီး ရုရှားသမ္မတပူတင်က ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံတော်ဝမ်းနည်းခြင်းနေ့အဖြစ် သတ်မှတ်ကြေညာခဲ့ကြောင်းသိရသည်။

#PAN

Telegram Link

https://t.me/positiveanglenews