မိုးညှင်း ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျှက်ရှိ


မတ် ၂၄

မိုးညှင်း ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရားပွဲတော် ဘုရားဖူးပြည်သူများဖြင့် စည်ကားလျှက်ရှိ


မတ် ၂၄

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ သမိုင်းဝင် ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား (၁၅၅) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို နှစ်စဉ်ကျင်းပလျှက်ရှိသည့်ရာ မတ်လ ၂၄ ရက်နေ့ တပေါင်းလပြည့်နေ့ ဘုရားဖူပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘုရားပွဲတော်အား ယခုနှစ်တွင် ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်း မရှိသော်လည်း နှစ်စဉ်ရိုးရာ အစဉ်အလာမပြတ် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဘုရားပွဲ၏ ပူဇော်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် အောင်ပွဲကျင်းပရာတွင် ဘုရားအမှူးရှိသော ဆရာတော်ကြီးများ အပါအဝင် သံဃာတော် အရှင်သူမြတ်တို့အား အင်းတော်ကြီးအိုင် ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စု (၁၁)စု၊ ကျေးရွာပေါင်း (၄၃) ရွာမှ ကျေးရွာသူ၊ ကျေးရွာသားများ၊ အလှူရှင်များနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများက ဆွမ်းဆန်နှင့်တကွ လှူဖွယ်ဝတ္ထု အစုစုတို့ကို ဆရာတော်၊ သံဃာတော်များအား လာရောက် လှူဒါန်းခဲ့ကြပြီး၊ ဒေသခံတိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့မှ လူငယ်များက ရိုးရာအကပဒေသာများဖြင့် ကပြဖျော်ဖြေလျက်ရှိကြောင်း သိရသည်။

ရွှေမဉ္ဇူ (အင်းတော်ကြီး) ရေလယ်ဘုရား (၁၅၅) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲအား အနယ်နယ်အရပ်ရပ်မှ လာရောက်ကြသည့် ဘုရားဖူးပြည်သူများက ပန်း၊ ဆီမီး၊ ရေချမ်းနှင့် အမွှေးနံ့သာများ ထွန်းညှိပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများ ကပ်လှူခြင်း၊ ဘက်စုံအလှူငွေများ ပါဝင်လှူဒါန်းကြခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ ငါးအစာများကျွေးခြင်း၊ ဘုရားဝတ်ရွတ်အသင်းမှ ဝတ်ရွတ်ပူဇော်ခြင်းနှင့် ဥပုသ်သီလစောင့်တည်ကြခြင်းတို့ဖြင့် စည်ကားများပြားလျက်ရှိကြောင်း သိရသည်။

PAN