မန္တလေးမှ မှုခင်းသတင်းထောက်များ ဓားခုတ်ခံရ


မတ် ၂၅

မန္တလေးတိုင်းဒေသကြီးမှ မှုခင်းသတင်းထောက်များအား လူအုပ်စုမှ ရုံးအတွင်း ဓားဖြင့်ဝင်ခုတ်သည့်အတွက် သတင်းထောက်အချို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်ရှိ နေပြည်တော် မှုခင်းသတင်းထောက်ရုံးအတွင်းသို့ လူတစ်စုမှ ဓားဖြင့်ဝင်ခုတ်ခဲ့သည့်အတွက် (၄) ဦး မှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရ လူနာများအဖြစ် မန္တလေးပြည်သူဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ ၂၃ ရက်နေ့ ည ၁၂ နာရီခွဲအချိန်ခန့်တွင် လူအယောက် (၅၀) ဝန်းကျင်ပါသည့် လူအုပ်စုသည်ဆိုင်ကယ်များဖြင့် ရပ်ကွက်အတွင်း ဝင်ရောက်ကာ နေပြည်တော်မှုခင်းသတင်းထောက်ရုံးဆိုင်းဘုတ်များကို ဖျက်ဆီးကာ ရုံးအတွင်း ညအိပ်တာဝန်ထမ်းဆောင်နေကြသော သူများအား ဓားများဖြင့် ဝင်ခုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါလူအုပ်စုမှ မှုခင်းသတင်းထောက်များအား မည်သည့်အကြောင်းကြောင့် ဓားဖြင့် ဝင်ရောက်ခုတ်ခဲ့သည်ဆိုသည်ကိုတော့ မသိရှိရသေးပါ။

နေပြည်တော်မှုခင်းသတင်းထောက်ရုံးသို့ ဝင်ရောက်ခဲ့ကြသည့် လူအုပ်စုမှာ ရုံးအတွင်မှာရှိသည့် ရုံးသုံးလပ်တော့ပ် (၁)လုံးနှင့် ဖုန်း (၆)လုံးကိုလည်း ယူဆောင်သွားခဲ့ကြောင်းသိရသည်။

PAN