ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာအနီး အမျိုးသားရုပ်အလောင်း တစ်လောင်းတွေ့ရှိ


မတ် ၂၅
ယမန်နေ့ ၈ နာရီချိန်ခန့်တွင်ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆန်းကြွယ်ကျေးရွာအနီး ဆန်းကြွယ်တံတားထိပ်၌ သေနတ်နှင့်ပစ်သတ်ခံထားရသည့်ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

အဆိုပါသေဆုံးနေသည့် ရုပ်အလောင်းသည် တပ်မတော်တပ်ဖွဲ့၀င်ယူနီဖောင်း၀တ်စုံ၀တ်ဆင်ထားသည့်အမျိုးသားတစ်ဦး၏ရုပ်အလောင်းဖြစ်ပြီး၊ ထိုအမျိုးသား၏ရုပ်အလောင်းကို ရပ်မိရပ်ဖများနှင့်နာရေးကူညီမှုအသင်းတစ်သင်းအကူအညီဖြင့် ချက်ချင်းသင်္ဂြိုဟ်ပေးခဲ့ရကြောင်း အနီးအနားတွင်ရှိနေသည့် ဒေသခံများထံမှ သိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews