ဒိုက်ဦးမြို့နယ်၌ ကြက်ဝိုင်းပြုလုပ်သောနေရာတွင် အကြမ်းဖက်သမားများမှ လာရောက် ပစ်ခတ်သဖြင့် နှစ်ဦးသေဆုံးကာ၊ နှစ်ဦးဒဏ်ရာရရှိ


မတ် ၂၅

လက်နက်ကိုင် အကြမ်းဖက်သမားများသည် အပြစ်မဲ့ပြည်သူအများအား လက်နက်ကိုင် အနိုင်ကျင့် ခြိမ်းခြောက်ကာ မိမိတို့၏ လိုအင်ဆန္ဒမပြည့်ဝလျှင် ဆတ်ကြေးမပေးလျှင် ခေါင်းစဥ် အမျိုးမျိုးတပ်ကာ ငြိမ်းအေးစွာ နေထိုင်သော ပြည်သူလူထုအား မြန်မာပြည်၏ နေရာအနှံ့အပြားတွင် နေ့စဥ်လုပ်ကြံသတ်ဖြတ်၍ အကြမ်းဖက်လုပ်ငန်းစဥ်များအား လုပ်ဆောင်လျှက် ရှိသည်။

ထိုကဲ့သို့ လုပ်ဆောင်နေစဥ် မတ်လ ၂၄ ရက်နေ့ ၃ နာရီခွဲ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဆာပါခြုံကျေးရွာအုပ်စု၊ ဆင်တဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၏ အနောက်ကွင်းပြင်တွင် ဇလုပ်ကြီးကျေးရွာနေသူ မိုးမင်းဦး(စိစစ်ဆဲ)ဦးဆောင် ပြုလုပ်သော ကြက်တိုက်ဝိုင်းတွင် အမည်မသိ(စုံစမ်းဆဲ) လူငယ်တစ်ဦးမှ မိုးမင်းဦးအား သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားကြောင်း သတင်းအရ အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေးခဲ့ရာ ကြက်တိုက်လောင်းကစား ပြုလုပ်သူ မိုးမင်းဦး၊ ဇလုပ်ကြီးကျေးရွာနေသူနှင့် မကေသွယ်မိုး၊ မှော်အင်းကျေးရွာ နေသူတို့မှာ နေရာတွင်ပင် ကျည်ထိမှန်သေဆုံးခဲ့ပြီး၊ ဗိုလ်ထွဋ်(စိစစ်ဆဲ)၊ ဒိုးတန်းကျေးရွာနေသူနှင့် ကလေးငယ်တစ်ဦး(စိစစ်ဆဲ)တို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့သဖြင့် အခင်းဖြစ်နေရာမှ ဒိုက်ဦးဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရပြီး ကျည်ခွံ ၄ ခု၊ ကျည်ဖူး ၁ ခုတို့အား အခင်းဖြစ်ရပ်နေရာမှ တွေ့ရှိခဲ့ကြောင်း သိရှိရသည် ။

PAN