ကျိုက်ထိုတွင် ရဟန်းတစ်အား PDF အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်


မတ် ၂၅

NLD ပါတီ၏ ရွေးကောက်ပွဲမသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ် အကြမ်းဖက်လက်နက်ကိုင် ပုန်ကန်သူများ ပေါ်ပေါက်လာပြီး လက်နက်ကိုင်ပစ်ခတ် တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှု မီးရှို့မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ကျိုက်ထိုမြို့နယ်တွင် ရဟန်တော်တစ်ပါးအား KNU /PDF အကြမ်းဖက်သမားများမှ ပစ်ခတ်သတ်ဖြတ်သွကြောင်း သိရသည်။

ယနေ့ မတ် ၂၅ ရင်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်တွင် ကင်မွန်းချောင်း-ကျိုက်ထိုသွားကားလမ်းဘေး၊ ကင်မွန်းချောင်းကျေးရွာရှိ စွယ်တော် လက်ဖက်ရည်ဆိုင်အနီးတွင် ရဟန်တော်တစ်ပါးအား KNU သောင်းကျန်းသူများနှင့် PDF အကြမ်းဖက်များမှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ ဉူးစန္ဒိမာ(ကျောက်ဖြူတောင် ဘောဂဝတီ ရွှေကျောင်းတွင် သီတင်းသုံးနေသည့် ၄၇ နှစ်၊ (ဘ)ဦးစိုးမြင့်၊ ဝါတော်(၁၈)ဝါ၊ ၁၀/ကထန(သ)၀၉၂၇၂၀၊ ကင်မွန်းချောင်းကျေးရွာနေသူသည် စင်တော် လဖက်ရည်ဆိုင်မှ လက်ဖက်ရည် သောက်ပြီး ပြန်လည်ထွက်ခွာရန် ဆိုင်ကယ် ပေါ်သို့ တက်ရောက်စဉ် အကြမ်းဖက်သောင်းကျန်းသူ ၂ ဦးမှ ဆိုင်ကယ် ၁ စီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများမှ သေနတ်အတိုဖြင့်(၅)ချက်ခန့်ပစ်ခတ်ခဲ့သည့်အတွက် ဉူးစန္ဒိမာ တွင် ဝဲလက်မောင်းရင်း ကျည်ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲဘက်ကျောကုန်း ကျည်ဖေါက်ဝင် ဒဏ်ရာ(၁)ချက်တို့ရရှိ ခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး စင်တော် လက်ဖက်ရည်ဆိုင်အတွင်းထိုင်နေသည့် ဆိုင်ရှင်ဖြစ်သူ ဦးတင်ငြိမ်း(ခ)ဦးတင်အောင်၊ ၅၉ နှစ်၊ (ဘ)ဦးစိန်မှတ်၊ ဗမာ/ဗုဒ္ဓ၊ ဈေးရောင်း၊ ကင်မွန်းချောင်းကျေးရွာနေသူတွင် ဆီးခုံ ကျည်ဖေါက်ဝင်ဒဏ်ရာ (၁)ချက်၊ ယာပေါင် ပေါက်ပြဲဒဏ်ရာ(၁)ချက်(စိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ပသ်ခတ်ခဲ့သည့် အဆိုပါအကြမ်းဖက်သောင်းကျန်းသူ နှစ်ဦးမှာ ကင်မွန်းချောင်းကျေးရွာ၏ အရှေ့ဘက်(၂)မိုင်ခန့်ကွာ ငှက်ပျောတောကျေးရွာ၊ ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းလည်း သိရသည်။

သေဆုံးသူ ဉူးစန္ဒိမာ နှင့် ဒဏ်ရာရရှိသူ ဦးတင်ငြိမ်း(ခ)ဦးတင်အောင် တို့ အား ကင်မွန်းချောင်းလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ကျိုက်ထိုပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

PAN