သရုပ်ဆောင် မြင်စိုင်းသားအောင်အောင် ကွယ်လွန်

မတ် ၂၄

သရုပ်ဆောင် မြင်စိုင်းသားအောင်အောင်သည် မတ်လ ၂၄ ရက် ယနေ့ နံနက်ပိုင်းက ကွယ်လွန်သွားကြောင်း သိရသည်။

မြင်စိုင်းသားအောင်အောင်သည် မတ် ၂၄ ရက် နံနက် ၉ နာရီ ၂၅ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။

‘အဖေ့အတွက်စိတ်ချမ်းသာပါတယ် အမေနဲ့သူတွေ့ရပြီမို့’ဟု မြင်စိုင်းသားအောင်အောင်၏သမီးဖြစ်သူက လူမှုကွန်ရက်တွင် ရေးသားထားသည်။

PAN