သပြေကိုင်းအုပ်ချုပ်ရေးမှူးကို PDF မှ နေအိမ်တွင်း ဝင်ရောက် ပစ်ခတ်သတ်ဖြတ်

မတ် ၂၄

NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်မှုများ သတ်ဖြတ်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှုများကို အကြိမ်ကြိမ်ပြုလုပ်လျှက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ်၊သပြေကိုင်းကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးကို ယ​​​နေ့နံနက် နာရီအချိန်ခန့်က လူသတ်အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်တွင်လာရောက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

သပြေကိုင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးမောင်တင်စိန်၊၅၆နှစ်၊(ဘ)ဦးလှမောင်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် အကြမ်းဖက် PDF ၅ဦးမော်တော်ဆိုင်ကယ် ၃စီးဖြင့် ရောက်ရှိလာပြီး နေအိမ်ဝိုင်းအတွင်းသို့ ဝင်ရောက်ကာ ​သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်များ၏ ပစ်ခတ်မှုကြောင့် ဦးမောင်တင်စိန်တ၏ နောက်ကျောဖောက်ဝင်ဒဏ်ရာ ၃ချက်၊ ဝဲ-မေးစေ့ ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိခဲ့ကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

#PAN