လူသတ်ရန် Rocket ထုတ်နေသည့်နေရာ မီးလောင်သွားသည့်အတွက် ကျပ်သိန်း ၂၀၀ ကျော်ဖိုးဆုံးရှုံးဟု PDF ဥက္ကဋ္ဌဆိုသူပြော

မတ် ၂၄

NLD ပါတီ၏ ရွေးကောက်ပွဲ မသမာမှု မဲမသမာမှုများ၏နောက်ဆက်တွဲအဖြစ်ပေါ်ပေါက်လာသည့် လက်နက်ကိုင် ပစ်ခတ် သတ်ဖြတ် တိုက်ခိုက်မှုများနှင့် လမ်းတံတားများအား မိုင်းခွဲတိုက်ခိုက်မှုများအကြိမ်ကြိမ်ပြုလုပ်လျှက်ရှိသည့် စစ်ကိုင်းတိုင်းဒေကြီး၊ ယင်းမာပင်ခရိုင်အတွင်းမှ အကြမ်းဖက် PDF လက်နက်ထုတ်လုပ်ရေးစခန်းတစ်ခု ယနေ့ ညနေပိုင်းတွင် မီးလောင်ခဲ့ကြောင်း သိရသည် ။

အဆိုပါမီးလောင်သော အကြမ်းဖက်PDF စခန်းမှာ ကျားသစ်နက်တပ်ဖွဲ့အမည်ခံထားသည့် ယင်းမာပင်ခရိုင်တပ်ခွဲ ၄ ၏ Rocket ထုတ်လုပ်ရေးစခန်းဖြစ်ပြီး ပုလဲမြိုနယ်တွင် အခြေစိုက်လှုပ်ရှားကြောင်း သိရသည်။

အကြမ်းဖက်စခန်း မီးလောင်မှုကြောင့် ကျပ်သိန်း ၂၀၀ ကျော်ဖိုး ဆုံးရှုံးခဲ့ကြောင်း ၎င်းတပ်ဖွဲ့ ဥက္ကဌ ဦးဥက္ကာက ထုတ်ဖော်ပြောဆိုထားကြောင်း သိရသည်။

အဆိုပါ ကျားသစ်နက်အဖွဲ့သည် ပုလဲမြို့နယ်အတွင်း အခြေစိုက်ပြီး အကြမ်းဖက်မှုများ ပြုလုပ်နေသောအဖွဲ့ တစ်ခုဖြစ်ပြီး မတ် ၂၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်လောက်က ဂဟေပုံးဝါယာရှော့ဖြစ်ကာ Rocket ထုတ်လုပ်ရေးစခန်း မီးလောင်ခဲ့သည့်အတွက် Rocket အဖူး ၊ ယမ်းအိတ်၊ ယမ်းထည့်ထားတဲ့ အဖူး၊ ဂဟေပုံးနဲ့ ကျောက်စက်တွေ ဆုံးရှုံးခဲ့ရကြောင်း ဆုံးရှုံးမှု၏ စုစုပေါင်းကာလတန်ဖိုးမှာ သိန်း ၂၀၀ ကျော်ရှိကြောင်း ကျားသစ်နက်အဖွဲ့ Black Leopard Army ဥက္ကဌဖြစ်သူက ပြောကြား‌ထားသည်။

#PAN