မင်းတပ်မြို့နယ်တွင် ​ကြက်ခြေနီအသင်းမှ ထောက်ပံ့ပစ္စည်းကူညီပေးခဲ့ဟုဆို

မတ် ၂၄

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းအော့ကျေးရွာ၊ ဖွီကျေးရွာ၊ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် Baptist Church တို့မှာရောက်ရှိနေကြသည့် အကြောင်းအမျိုးမျိုးကြောင့်ထိခိုက်ခံစားရသည့်အိမ်ထောင်စု (၁၆၈)စုအတွက် လိုအပ်နေသော အသုံးအဆောင်ပစ္စည်းများကို ပြီးခဲ့သည့် မတ်လ(၂၀)ရက်နေ့က အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် ကြက်ခြေနီအသင်းဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့​​ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ကူညီရာတွင် အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၉)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၈)အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၅)အိတ်၊ ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်းအိတ်(၆၄)အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း(၅၂) အိတ်၊ ကလေးဝတ်အင်္ကျီထုပ်(၆၆)ထုပ်၊ ခြင်ထောင် (၁၆၈)၊ စောင်(၁၆၈)ထည်၊ တာပေါ်လင်(၁၀၇)စ၊ ဆီ(၁လီတာဘူး)၃၃၆ဘူး၊ ဆား(၁၆၈)ထုပ်၊ ငါးခြောက်အထုပ်ငယ်(၁၆၈)ထုပ် တို့ကိုထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

“ဒီလိုကူညီခဲ့တာက သူတို့လိုအပ်ချက်အတွက် အပြည့်အဝမဟုတ်သည့်တိုင်သူတို့အတွက်များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။ယခုလိုမျိုး လိုအပ်တဲ့နေရာတွေအထိသွားရောက်ပြီး ထိရောက်တဲ့ အကူအညီ​တွေ ဆက်လက်ပေးနိုင်ဖို့အတွက် လည်း စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်”ဟု ကြက်ခြေနီအသင်းထံမှ သိရသည်။

#PAN